ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
လုကာ 13:31 - Common Language Bible ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။ Garrad Bible ထို အ ချိန် နာ ရီ တွင် ပင် ဖာ ရိ ရှဲ အ ချို့ တို့ က ဤ အ ရပ် မှ ထွက် သွား လော့။ ဟေ ရုဒ် မင်း သည် သင့် ကို သတ် လို သည် ဟု ချဉ်း ကပ် ပြော ဆို ကြ သော်၊ Judson Bible ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ထံသို့လာ၍ “ဟေရုဒ်သည် သင့်ကိုသတ်လိုသည်ဖြစ်၍ ဤအရပ်မှ ထွက်သွားပါ”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ဖာရိရှဲတချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။- |
ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။-
ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
ဟေရုဒ်အုပ်စိုးသောဂါလိလဲပြည်သားဖြစ် ကြောင်းကိုသိလျှင် ကိုယ်တော်အားဟေရုဒ်မင်း ထံသို့ပို့၏။ ထိုအချိန်အခါသည်ဟေရုဒ်မင်း ယေရုရှလင်မြို့မှာရောက်ရှိနေသည့်အချိန် ဖြစ်သတည်း။-
ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊-