ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
လုကာ 13:27 - Common Language Bible သို့သော်လည်းအိမ်ရှင်က `သင်တို့အဘယ်မှလာ သည်ကိုငါမသိ။ ဆိုးညစ်သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့' ဟူ၍ပြန်ပြောပေအံ့။- Garrad Bible အ ဘယ် က ဖြစ် ကြောင်း ကို ငါ မ သိ။ ဒု စ ရိုက် မှု ပြု ကျင့် သူ အ ပေါင်း တို့၊ ငါ့ ထံ မှ ထွက် သွား ကြ ဟူ၍ ပြန် ဆို မည်။ Judson Bible သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သခင်က ‘သင်တို့ အဘယ်ကလာသည်ကို ငါမသိ။ အို ဆိုးသွမ်းသောသူအပေါင်းတို့… ငါ့ထံမှ ထွက်သွားကြ’ ဟု ပြန်ပြောလိမ့်မည်။ မြန်မာ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊ |
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
ငါတို့တိုင်းနိုင်ငံတွင်ရှိသမျှသောသူယုတ်မာ တို့ကို ငါသည်နေ့စဉ်နေ့တိုင်းသုတ်သင်ပစ်ပါမည်။ ဆိုးညစ်သူအပေါင်းတို့အားထာဝရဘုရား၏ မြို့တော်မှနှင်ထုတ်ပါမည်။
အခင်းအပြစ်ကူးသူတို့"ငါ့ထံမှသွား ကြလော့။ ငါ၏ဘုရားသခင်ပညတ်တော်တို့ကို ငါစောင့်ထိန်းမည်။
သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါ နည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။
မကောင်းမှုပြုသည့်သူယုတ်မာများနှင့်အတူ ကျွန်တော်မျိုးအားအပြစ်ဒဏ်စီရင်တော်မမူ ပါနှင့်။ ထိုသူတို့သည်နှုတ်ချိုသော်လည်းမုန်းစိတ်ရှိ ကြပါ၏။
ကိုယ်တော်သည်လိမ်လည်သူအပေါင်းတို့ကို ဖျက်ဆီးတော်မူ၍အကြမ်းဖက်သူ၊ ကောက်ကျစ်သူတို့ကိုစက်ဆုပ်ရွံရှာတော်မူ၏။
အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။
အကယ်၍သူတို့သည်သားသမီးများ ကိုပြုစုကြီးပြင်းလာစေကြသည့်တိုင် အောင်ငါသည်ထိုကလေးများကိုရုပ် သိမ်း၍တစ်ယောက်ကိုမျှအသက်ရှင်စေ မည်မဟုတ်။ ငါသည်သူတို့ကိုစွန့်ပစ် သောအခါသူတို့သည်ကြောက်မက်ဖွယ် ဘေးဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
သို့ရာတွင်မင်္ဂလာဆောင်သတို့သားက `မဖွင့် ပေးနိုင်ပါ။ သင်တို့ကိုငါမသိ' ဟုပြန်ပြော၏။
``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
သို့သော်ဘုရားသခင်ကိုချစ်မြတ်နိုးသူသည် ဘုရားသခင်သိမှတ်တော်မူခြင်းကိုခံရ၏။
ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။