ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
လုကာ 13:17 - Common Language Bible ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။ Garrad Bible တစ် ဘက် ရှိ သူ အ ပေါင်း တို့ အ ရှက် ကွဲ ကြ၏။ လူ ပ ရိ သတ် ရှိ သ မျှ မှာ မူ ကိုယ် တော် ပြု တော် မူ သော ချီး မွမ်း ထိုက် ရာ ခပ် သိမ်း ကြောင့် ဝမ်း မြောက် ကြ သ တည်း။ Judson Bible ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသောအံ့သြဖွယ်အမှုများတို့ကို လူအပေါင်းတို့သည်နှစ်သက်ဝမ်းမြောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်မိန့်တော်မူသောအခါ ကိုယ်တော်ကိုဆန့်ကျင်နေသောသူရှိသမျှတို့သည် အရှက်ရကြ၏။ လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်ပြုတော်မူသည့် ထူးမြတ်သောအမှုအလုံးစုံတို့အတွက် ဝမ်းမြောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့မိန့်တော်မူသောအခါ ယေရှုကို ဆန့်ကျင်သူတို့သည် အရှက်ရကြ၏။ သို့သော် အခြားသောလူထုပရိသတ်တစ်ရပ်လုံးသည် ယေရှုလုပ်ဆောင်သော အံ့ဖွယ်အမှုများကြောင့် ဝမ်းမြောက်လျက်ရှိကြ၏။ မြန်မာ ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသောအံ့သြဖွယ်အမှုများတို့ကို လူအပေါင်းတို့သည်နှစ်သက်ဝမ်းမြောက်ကြ၏။ |
ကျွန်တော်မျိုး၏ရန်သူများသည်ဂုဏ်အသရေ ပျက်ရကြပါစေသော။ သူတို့သည်အရှက်နှင့်မိမိတို့ကိုယ်ကို ဝတ်လုံသဖွယ်ဖုံးလွှမ်းရကြပါစေသော။
ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။
သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။ သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
ထာဝရဘုရားသည်ပြည်တော်တွင်သစ်ပင် ကြီးငယ်အပေါင်းကို ထွားကြိုင်းသန်မာစိုပြေ စေတော်မူမည့်အချိန်ကျရောက်လာတော့မည်။ မသေဘဲကျန်ရှိနေသေးသောဣသရေလ အမျိုးသားအပေါင်းတို့သည် ပြည်တော်ထွက် သီးနှံများအတွက်ဂုဏ်ယူဝမ်းမြောက်ကြ လိမ့်မည်။-
``သူတို့သည်ငါ့အားဖြင့်သာလျှင်အောင်မြင်မှုနှင့် ခွန်အားစွမ်းရည်ကိုရရှိကြောင်းပြောဆိုကြ လိမ့်မည်။ သို့ရာတွင်ငါ့ကိုမုန်းသောသူအပေါင်းသည် အသရေပျက်ကြလိမ့်မည်။
ကိုယ်တော်အားကြောက်ရွံ့ရိုသေကာစကား တော်ကိုကြားနာကြသူတို့၊ သင်တို့သည် ထာဝရဘုရားမိန့်တော်မူသည်ကိုနား ထောင်ကြလော့။ သင်တို့သည်ငါ့အားသစ္စာ စောင့်ကြသည်ဖြစ်၍သင်တို့အမျိုးသား အချို့တို့သည်သင်တို့ကိုမုန်း၍ဝိုင်းပယ် ကြ၏။ သူတို့သည်သင်တို့အားပြောင်လှောင် ကာ``ငါတို့သည်သင်တို့ရွှင်လန်းဝမ်းမြောက် သည်ကိုမြင်လိုပါ၏။ သို့ဖြစ်၍ထာဝရ ဘုရားသည်ကြီးမြတ်သည့်တန်ခိုးတော် ကိုပြ၍ကယ်တော်မူပါလေစေ'' ဟုဆို ကြ၏။ သို့ရာတွင်ထိုသူတို့သည်အရှက် ကွဲကြရမည့်သူများဖြစ်ပေသည်။-
ထိုခဏ၌သူသည်မျက်စိမြင်လာ၏။ ထိုနောက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး လျက် ကိုယ်တော်၏နောက်သို့လိုက်လေ၏။ ထိုအခြင်း အရာကိုမြင်လျှင် လူအပေါင်းတို့သည်ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။
သို့ရာတွင်လူအပေါင်းတို့ကကိုယ်တော်၏ တရားစကားများကိုအထူးအာရုံစိုက်၍ နာယူနေကြသောကြောင့်ကိုယ်တော်အား အဘယ်နည်းဖြင့်သတ်ရမည်ကိုမသိကြ။
ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
သို့ရာတွင်သူတို့၏အောင်မြင်မှုသည်တာရှည်ခံ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ယန္နေနှင့် ယံဗြေတို့၏မိုက်မဲမှုကဲ့သို့သူတို့၏မိုက်မဲမှု ကိုလူအပေါင်းတို့တွေ့ရှိလာမည်ဖြစ်သော ကြောင့်တည်း။
သင်၏ရန်သူများသည်ငါတို့အားအဘယ် အမှုတွင်မျှအပြစ်ရှာ၍မရသဖြင့် အရှက် ကွဲကြစေရန်သင်သည်သူတစ်ပါးတို့ပြစ် တင်ဝေဖန်မှုမပြုနိုင်အောင်လျောက်ပတ်သည့် စကားကိုပြောဆိုလော့။
သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-