ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
လုကာ 13:12 - Common Language Bible သခင်ယေရှုသည်ထိုအမျိုးသမီးကိုမြင် သောအခါ အထံတော်သို့ခေါ်တော်မူလျက် ``အချင်းအမျိုးသမီးသင့်ရောဂါပျောက် ပြီ'' ဟုမိန့်တော်မူ၏။- Garrad Bible ယေ ရှု မြင် သော် ခေါ် တော် မူ၍ အ ချင်း မိန်း မ၊ Judson Bible ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူ့ကိုမြင်လျှင် အထံတော်သို့ခေါ်၍“အချင်းမိန်းမ၊ သင်သည် သင်၏နာမကျန်းဖြစ်ခြင်းမှ လွတ်မြောက်ပြီ”ဟု မိန့်တော်မူပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် သူ့ကို မြင်တော်မူလျှင် မိမိထံသို့ ခေါ်၍ “အို အမျိုးသမီး… သင့်ရောဂါ ပျောက်ပြီ” ဟု မိန့်လျက် မြန်မာ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊- |
ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။-
`သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊ တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။ အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။-
သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-