ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
လုကာ 12:31 - Common Language Bible သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ သို့ပြုလျှင်ထိုအရာများကို လည်းသင်တို့အားပေးတော်မူလိမ့်မည်။ Garrad Bible ကိုယ် တော်၏ နိုင် ငံ တော် ကို ရှာ ကြ လော့။ ထို အ ရာ များ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။ Judson Bible သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ ဤအရာများကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သော အရာအားလုံးကို ပေးတော်မူလိမ့်မည်။ မြန်မာ သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတ္တံ့။ |
ကိုယ်တော်၏လူစုတော်ဝင်အပေါင်းတို့၊ ထာဝရဘုရားအားကြောက်ရွံ့ရိုသေကြ လော့။ ကိုယ်တော်၏စကားကိုနားထောင်သူတို့သည် ချို့တဲ့မှုရှိကြလိမ့်မည်မဟုတ်။
ခဲယဉ်းရာကာလများ၌သူတို့သည် ဒုက္ခရောက်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးချိန်များ၌အစာ ရေစာ လုံလောက်စွာရရှိကြလိမ့်မည်။
ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
သို့မှသာသင်တို့သည်အကြံအောင်၍ ခိုင်ခံ့ သောရဲတိုက်တွင်နေထိုင်ရဘိသကဲ့သို့ ဘေးမဲ့လုံခြုံကြလိမ့်မည်။ စားသောက်စရာ အစာရေစာများကိုလည်းရရှိကြလိမ့်မည်။
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-