လုကာ 11:36 - Common Language Bible အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သင့် ကိုယ် ခ န္ဓာ သည် တစ် ပိုင်း မျှ မ မှောင် ဘဲ လုံး လုံး အ လင်း နှင့် ပြည့် လျှင် မီး ရှူး တောက် ပ၍ လင်း စေ သည့် နည်း တူ တစ် ကိုယ် လုံး အ လင်း နှင့် ပြည့် လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် ဆီမီးအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတွင် မည်သည့်အစိတ်အပိုင်းမျှ မှောင်ရိပ်မရှိဘဲ တောက်ပနေလျှင် မီးအိမ်၏အလင်းရောင်သည် သင်တို့အပေါ်၌ ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ်ခန္ဓာသည်လည်း ထွန်းလင်းလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ |
လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏ မီးခွက်ဖြစ်၏။
အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။
ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-
သို့ဖြစ်၍သင်တို့တွင်ရှိသည့်အလင်းသည် အမှောင်မဖြစ်စေရန်သတိပြုကြလော့။-
ထိုသို့ကိုယ်တော်မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားည စာသုံးဆောင်တော်မူရန်ပင့်ဖိတ်၏။-
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။
ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-
မာသောအစားအစာသည်ကားအရွယ်ရောက် ပြီးသူတို့အတွက်ဖြစ်၏။ သူတို့သည်လေ့ကျင့် မှုအားဖြင့် အကောင်းနှင့်အဆိုးကိုပိုင်းခြားသိ ရှိသူများဖြစ်ကြ၏။
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။