ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။ မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။
လုကာ 11:21 - Common Language Bible ``ခွန်အားကြီးသူသည်လက်နက်စုံနှင့် မိမိ အိမ်ကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာ ပစ္စည်းများသည်လုံခြုံမှုရှိ၏။- Garrad Bible ခွန် အား ကြီး သူ သည် လက် နက် စုံ စွဲ ကိုင် လျက် ကိုယ့် ဝင်း အိမ် ကို စောင့် နေ သည့် ကာ လ ပ စ္စည်း များ လုံ ခြုံ သော် လည်း၊ Judson Bible သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ခွန်အားကြီးသောသူသည် လက်နက်အပြည့်အစုံဖြင့် မိမိခြံဝင်းကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာပစ္စည်းများသည်လုံခြုံမှုရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခွန်အားကြီးသောသူသည် လက်နက်စုံနှင့် မိမိအိမ်ကို စောင့်ကြပ်လျှင် သူ၏ပစ္စည်းဥစ္စာသည် လုံခြုံလိမ့်မည်။ မြန်မာ သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။- |
ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။ မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။
``အဘယ်သူသည်ခွန်အားကြီးသူကိုဦးစွာ မချည်မနှောင်ဘဲ သူ၏အိမ်သို့ဝင်၍ဥစ္စာပစ္စည်း များကိုလုယူနိုင်ပါမည်နည်း။ ချည်နှောင်ပြီး မှသာလုယူနိုင်ပေမည်။
ခွန်အားကြီးသူကိုဦးစွာမချည်မနှောင်ဘဲသူ ၏အိမ်သို့ဝင်၍ ဥစ္စာပစ္စည်းများကိုမည်သူမျှမလု မယူနိုင်။ ချည်နှောင်ပြီးမှသာလုယူနိုင်ပေမည်။
သို့ရာတွင်ငါသည်ဘုရားသခင်၏တန်ခိုး တော်အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည် ဖြစ်သောကြောင့် ဘုရားသခင်၏နိုင်ငံတော် သည်သင်တို့တွင်တည်လျက်ရှိလေပြီ။''
သို့ရာတွင်ထိုသူထက်ခွန်အားကြီးသူသည် ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်မြင်သော အခါ သူအားကိုးအားထားပြုသည့်လက် နက်များကိုသိမ်းယူသွားလိမ့်မည်။ တိုက်ခိုက် ၍ရရှိသောဥစ္စာပစ္စည်းများကိုလည်းခွဲ ဝေလိမ့်မည်။''