သခင်ယေရှုသည်ခရီးပြုရန်ထွက်တော်မူစဉ် လူတစ်ယောက်သည်အထံတော်သို့ပြေးလာပြီး လျှင်ရှေ့တော်၌ဒူးထောက်လျက် ``ကောင်းမြတ် တော်မူသောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှာ အကျွန်ုပ်သည်အဘယ်သို့ပြုရမည်နည်း'' ဟုမေးလျှောက်၏။
လုကာ 10:25 - Common Language Bible ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။ Garrad Bible ထို အ ခါ ကျမ်း တတ် တစ် ယောက် သည် ကိုယ် တော် ကို စုံ စမ်း ရန် ထ ပြီး လျှင် ဆ ရာ၊ ထာ ဝ ရ အ သက် ကို အ ပိုင် ရ ခြင်း ငှာ မည် သို့ ပြု ရ ပါ မည် နည်း ဟု မေး ရာ၊ Judson Bible တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊- မြန်မာ့စံမီသမ္မာကျမ်း တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ကျမ်းတတ်ပညာရှင်တစ်ဦးသည် ကိုယ်တော်ကို စမ်းသပ်ရန် “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။ မြန်မာ တစ်ရံရောအခါ ကျမ်းတတ်တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်သော်၊- |
သခင်ယေရှုသည်ခရီးပြုရန်ထွက်တော်မူစဉ် လူတစ်ယောက်သည်အထံတော်သို့ပြေးလာပြီး လျှင်ရှေ့တော်၌ဒူးထောက်လျက် ``ကောင်းမြတ် တော်မူသောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှာ အကျွန်ုပ်သည်အဘယ်သို့ပြုရမည်နည်း'' ဟုမေးလျှောက်၏။
ကိုယ်တော်က ``မောရှေသည်သင်တို့အားမည်သို့ ပညတ်သနည်း'' ဟုပြန်၍မေးတော်မူ၏။
ယင်းသို့သခင်ယေရှုနှင့်ဇဒ္ဒုကဲတို့အခြေအတင် ပြောဆိုနေကြစဉ် ကျမ်းတတ်ဆရာတစ်ယောက်သည် အနီးအပါး၌ရှိနေ၏။ သူတို့အားသခင်ယေရှု လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုကြား သဖြင့် ရှေ့တော်သို့လာ၍ကိုယ်တော်အား ``ပညတ် ရှိသမျှတို့တွင်အဘယ်ပညတ်သည်အကြီးမြတ် ဆုံးဖြစ်ပါသနည်း'' ဟုမေးလျှောက်ကြ၏။
သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။
ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
ယုဒအမျိုးသားအရာရှိတစ်ယောက် က ``ကောင်းမြတ်တော်မူသောဆရာ၊ ထာဝရ အသက်ကိုရအံ့ငှာအကျွန်ုပ်သည်အဘယ် အရာကိုပြုရပါမည်နည်း'' ဟုကိုယ်တော် အားမေးလျှောက်၏။
သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။
အကယ်၍ဘုရားသခင်၏ဆုကျေးဇူးတော် သည် ပညတ်တရားအပေါ်၌မူတည်လျှင် ထို ဆုကျေးဇူးတော်သည်ကတိတော်အပေါ်၌ မူမတည်တော့ပေ။ သို့ရာတွင်ဘုရားသခင် သည်ကတိတော်ကြောင့် အာဗြဟံအားထိုဆု ကျေးဇူးတော်ကိုပေးသနားတော်မူသတည်း။