ဧလိယအားဖြင့်ထာဝရဘုရားကတိ ပေးတော်မူခဲ့သည့်အတိုင်း မုန့်ခွက်တွင်မုန့် ညက်မပြတ်။ ဆီဘူးတွင်လည်းဆီမပြတ်။
လုကာ 1:45 - Common Language Bible ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။ Garrad Bible ထာ ဝ ရ ဘု ရား ထံ မှ ဆင့် ဆို ချက် ပြည့် စုံ မည် ကို ယုံ ကြည် ပြီး ဖြစ် သော သင်၌ မင်္ဂ လာ ရှိ သည် ဟု အ သံ ကျယ် စွာ ဟစ် လျက် မြွက် ဆို၏။ Judson Bible ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း မိမိအား ထာဝရဘုရားမိန့်တော်မူသောအရာများပြည့်စုံမည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။ မြန်မာ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။ |
ဧလိယအားဖြင့်ထာဝရဘုရားကတိ ပေးတော်မူခဲ့သည့်အတိုင်း မုန့်ခွက်တွင်မုန့် ညက်မပြတ်။ ဆီဘူးတွင်လည်းဆီမပြတ်။
သို့ဖြစ်၍ထိုမုဆိုးမသည် မိမိ၏သားများကို ခေါ်၍ အိမ်ထဲသို့ဝင်ကာတံခါးကိုပိတ်ပြီးလျှင် သူ၏သားများယူဆောင်လာသောအိုးများ ထဲသို့ဆီလောင်းထည့်လေသည်။-
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
နားထောင်လော့။ သင်သည်ငါ့စကားကိုမယုံ ကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာ သည့်နေ့တိုင်အောင်စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ အချိန်တန်လျှင်ငါ ၏စကားမှန်ကန်လာလိမ့်မည်'' ဟုဆို၏။
သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။-
ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။
သခင်ယေရှုက ``သင်ယုံကြည်လျှင်ဘုရား သခင်၏ဘုန်းအသရေတော်ကိုမြင်ရလိမ့် မည်ဟူ၍ငါပြောသည်မဟုတ်လော'' ဟု မိန့်တော်မူ၏။-
သခင်ယေရှုက ``သင်သည်ငါ့ကိုမြင်ရ၍ ယုံကြည်သလော။ ငါ့ကိုမမြင်ရဘဲယုံကြည် သူတို့သည်မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။