ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
ရှောလမုန်သီချင်း။ 5:1 - Common Language Bible ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။ Garrad Bible ငါ့ နှ မ၊ ငါ့ ကြင် ရာ၊ ငါ့ ဥ ယျာဉ် ထဲ သို့ ငါ ဝင် လာ ပြီ။ မု ရန် နှင့် ဒန်း ခိုင် ကို ငါ ဆွတ် ယူ ပြီ။ ငါ့ ပျား ရည် နှင့် ပျား လ ပို့ ကို စား၍၊ နို့ ရည် နှင့် စ ပျစ် ရည် ကို သောက် လေ ပြီ။ ငါ့ အ ဆွေ တို့၊ စား ကြ လော့။ ငါ့ မိတ် ဆွေ တို့၊ သောက် ကြ လော့။ ဝ စွာ သောက် ကြ လော့။ Judson Bible ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကို သောက်ရပြီ။ ငါ့အဆွေတို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာသောက်ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း “အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။” |
ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
ထာဝရဘုရားကိုသစ္စာစောင့်သောလူစု တော်သည် ထူးမြတ်လှပါသည်တကား။ ငါ၏အနှစ်သက်ဆုံးအရာသည်ထိုသူတို့ နှင့်အတူ နေထိုင်ခွင့်ပင်ဖြစ်ပါ၏။
ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏ မျက်စိတကြည့်၊ လည်ပင်းတလည့်ဖြင့် ငါနှလုံးကို လုယူပြီ။
ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။
ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။
နားထောင်လော့။ ငါ၏မိတ်ဆွေနှင့်သူ၏စပျစ်ဥယျာဉ်အကြောင်း ဤသီချင်းကိုသင့်အားငါသီဆို၍ပြမည်။ အလွန်မြေသြဇာကောင်းသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ ငါ့မိတ်ဆွေ၏စပျစ်ဥယျာဉ်တစ်ခုရှိ၏။
``ငါသည်ဇိအုန်မြို့နှင့်ထိုမြို့၏ပျက်စီးယိုယွင်းလျက် ရှိသည့်အဆောက်အဦများတွင် နေထိုင်သူတို့အားကရုဏာပြမည်။ ဇိအုန်ဒေသသည်တောကန္တာရပင်ဖြစ်သော်လည်း ငါသည်ယင်းကိုဧဒင်အရပ်မှာကဲ့သို့ ထာဝရဘုရား၏ဥယျာဉ်ဖြစ်စေမည်။ ထိုအရပ်တွင်လူတို့သည်ဝမ်းမြောက်ရွှင်လန်းလျက်၊ ထောမနာသီချင်းဆိုလျက်၊ငါ၏ကျေးဇူးတော်ကို ချီးမွမ်းလျက်နေကြလိမ့်မည်။
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။-
ဤအမှုအရာကိုမြင်သောအခါသင်တို့ သည်ဝမ်းမြောက်ကြလျက် ကျန်းမာသန်စွမ်း ၍လာလိမ့်မည်။ ထိုနောက်ထာဝရဘုရား သည်မိမိ၏စကားကိုနားထောင်သူတို့ အားကူမတော်မူ၍ ရန်သူတို့ကိုမူ အမျက်တော်သင့်စေကြောင်းကိုသင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။-
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။
အရပ်သားတို့သည်သူ့ကိုမြင်လျှင်လူပျို လူရွယ်သုံးဆယ်ကိုသူနှင့်အတူပွဲခံစေ ခြင်းငှာစေလွှတ်လိုက်ကြ၏။-
သူ၏ဇနီးကိုမင်္ဂလာဆောင်ပွဲတွင်ရှံဆုန် ၏လူပျိုရံဖြစ်သူနှင့်ပေးစားလိုက်ကြ၏။