သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။
ရှောလမုန်သီချင်း။ 4:12 - Common Language Bible သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊ Garrad Bible ငါ့ နှ မ၊ ငါ့ ကြင် ရာ သည်၊ စည် ကား သော ဥ ယျာဉ်၊ ကာ ရံ သော စမ်း ပေါက်၊ တံ ဆိပ် ခတ် သော ရေ တွင်း ဖြစ် ပေ၏။ Judson Bible ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ပိတ်ထားသောဥယျာဉ်၊ ပိတ်ထားသောရေကန်၊ ပိတ်ဆို့ထားသောစမ်းရေပေါက် ဖြစ်၏။ |
သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။
ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန် ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူး သဖြင့် ကောင်းပေ၏။ သင်းထုံသောနံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
ထို့ကြောင့်သူသည်စိတ်နှစ်ခွဖြစ်၍နေ၏။ အိမ် ထောင်မဲ့အမျိုးသမီးသို့မဟုတ်အပျိုဖြစ်သူ သည်သခင်ဘုရားအား မိမိ၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကိုပါဆက်ကပ်လိုသဖြင့် သခင် ဘုရား၏အမှုတော်ကိုအလေးအနက်ထား တတ်၏။ သို့ရာတွင်အိမ်ထောင်ရှင်အမျိုးသမီး မူကား မိမိခင်ပွန်းနှစ်သက်စေရန်စိတ်ဆန္ဒ ရှိသဖြင့်လောကီမှုရေးကိုအလေးအနက် ထားတတ်၏။
မိမိ၏လူစုတော်အဖြစ်ဖြင့်တံဆိပ်ခတ်နှိပ် တော်မူ၏။ အနာဂတ်ကာလ၌ငါတို့အဖို့ လျာထားသည်များအတွက်အာမခံချက် အဖြစ် ကိုယ်တော်သည်ငါတို့စိတ်နှလုံးထဲ သို့သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်း တော်မူ၏။
သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။-
ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုစိတ် မနာစေနှင့်၊ အဘယ်ကြောင့်ဆိုသော်ဝိညာဉ်တော် သည် သင်တို့အားဘုရားသခင်ပိုင်တော်မူကြောင်း သက်သေခံတံဆိပ်အမှတ်အသားဖြစ်၍ နောက်ဆုံး သောနေ့ရက်၌သင်တို့သည်ကိုယ်တော်၏ကယ်တင် ခြင်းကိုခံရလိမ့်မည်ဖြစ်ကြောင်းအာမခံချက် ဖြစ်သောကြောင့်တည်း။-
သို့ရာတွင်အဘယ်ညစ်ညမ်းသည့်အရာမျှထို မြို့တွင်းသို့ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံရှာ ဖွယ်သောအမှုကိုပြုသူ၊ လိမ်လည်ပြောဆိုသူ မှန်သမျှသည်လည်းဝင်ခွင့်ရလိမ့်မည်မဟုတ်။ သိုးသူငယ်တော်၏အသက်စာစောင်စာရင်း တွင်ပါသူများသာလျှင်ဝင်ရကြလိမ့်မည်။
``ငါတို့ဘုရားသခင်၏အစေခံတို့နဖူး တွင်တံဆိပ်တော်ကိုငါတို့မခတ်နှိပ်ရသေး မီသင်တို့သည်ကုန်းမြေ၊ ပင်လယ်၊ သစ်ပင်တို့ အားမည်သို့မျှဘေးဥပဒ်မသက်ရောက်စေ ကြနှင့်'' ဟုကျယ်စွာဟစ်အော်၍ပြော၏။-