ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။
ရှင်ယောဟန် 9:40 - Common Language Bible ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။ Garrad Bible နောက်တော်ပါဖာရိရှဲတို့ကြား၍ ကျွန်ုပ်တို့လည်းမျက်စိကန်းသလောဟုမေးမြန်းကြသော်၊ Judson Bible အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်နှင့်အတူရှိနေသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် “အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလော”ဟု မေးလျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုအနီး၌ ရှိနေသော ဖာရိရှဲတချို့က ထိုစကားတော်ကို ကြားသောအခါ “ငါတို့သည် မျက်မမြင်ဖြစ်ကြသလော” ဟု ဆိုကြ၏။ မြန်မာ အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။- |
ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။
သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။
``ငါသည်ချမ်းသာကြွယ်ဝ၏။ ငါ့မှာလိုလေ သေးမရှိ'' ဟုသင်ဆို၏။ သို့ရာတွင်မိမိသည် အဘယ်မျှဆင်းရဲငြိုငြင်သနားစရာကောင်း သည်ကိုသင်သိ၏။ သင်သည်ချို့တဲ့လျက်၊ မျက် စိကန်းလျက်အဝတ်အချည်းစည်းဖြစ်လျက် နေပါသည်တကား။-