ကိုယ်တော်ရှင်၏တရားတော်မှအံ့သြဖွယ်ရာမားကို တေ"မြင်နိုင်ရန်ကွန်တော်မျိုး၏မက်စိတို့ကို ဖွင့်တော်မူပါ။
ရှင်ယောဟန် 9:30 - Common Language Bible မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။- Garrad Bible ထိုသူကလည်း အံ့သြဖွယ်တကား၊ ကျွန်တော့်မျက်စိကိုပွင့်စေလျက်ပင် မည်သည့်ဇာတိဒေသကဖြစ်ကြောင်း မသိကြလေစွ။ Judson Bible သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဖွယ်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သူကလည်း “အကျွန်ုပ်၏မျက်စိကိုဖွင့်ပေးလျက်နှင့်ပင် ထိုသူမည်သည့်အရပ်မှလာသည်ကို သင်တို့မသိကြသည်မှာ အံ့ဩဖွယ်ကောင်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူက “သူသည် ကျွန်ုပ်ကို မျက်စိမြင်စေခဲ့သော်လည်း သင်တို့က ထိုသူအဘယ်ကလာသည်ကို မသိသည်မှာ အံ့ဖွယ်ကောင်းလှ၏။ မြန်မာ သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဖွယ်ရှိ၏။- |
ကိုယ်တော်ရှင်၏တရားတော်မှအံ့သြဖွယ်ရာမားကို တေ"မြင်နိုင်ရန်ကွန်တော်မျိုး၏မက်စိတို့ကို ဖွင့်တော်မူပါ။
သို့ဖြစ်၍ငါသည်သူတို့မမျှော်လင့်သည့်ဘေး ဒုက္ခတစ်ခုပြီးတစ်ခုသက်ရောက်စေ၍ သူတို့ အားတုန်လှုပ်ချောက်ချားစေမည်။ ပညာရှိတို့ သည်လူမိုက်များဖြစ်ကုန်ကြလျက်၊ သူတို့ ၏အသိအလိမ္မာမှန်သမျှသည်လည်း သူတို့ အားအဘယ်သို့မျှအကျိုးပြုလိမ့်မည် မဟုတ်'' ဟုယခုမိန့်တော်မူပါ၏။
ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။-
မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
မျက်မမြင်တို့သည်မျက်စိအလင်းကိုရရှိ ကြ၏။ ခြေမစွမ်းမသန်သူတို့သည်လမ်းလျှောက် ကြ၏။ အရေပြားရောဂါစွဲသူတို့သည်သန့်စင် သွားကြ၏။ နားပင်းသူတို့သည်ကြားရကြ၏။ သေသူတို့သည်အသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သည်သတင်းကောင်းကိုကြားရကြ၏။-
သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။
ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
ကိုယ်တော်က ``သင်တို့မြင်ရကြားရသည့်အရာ များကိုယောဟန်ထံသွား၍ပြောကြားလော့။ မျက်မမြင်များမျက်စိအလင်းကိုပြန်လည် ရရှိကြ၏။ ခြေကျိုးသူများလမ်းလျှောက်ကြ၏။ အရေပြားရောဂါသည်များသန့်စင်သွားကြ ၏။ နားပင်းသူများနားကြားရကြ၏။ သေ သူများအသက်ပြန်၍ရှင်ကြ၏။ ဆင်းရဲ သူတို့သတင်းကောင်းကိုကြားရကြ၏။-
သူတို့၏မျက်မှောက်တွင်များစွာသောနိမိတ် လက္ခဏာတို့ကိုပြတော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်ကိုမယုံကြည်ကြ။-
သခင်ယေရှုက ``သင်သည်ဣသရေလအမျိုး သားတို့၏ဆရာတစ်ဦးဖြစ်ပါလျက် ဤ အမှုအရာအကြောင်းကိုမသိသလော။-
ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
ခရစ်တော်၏မျက်နှာတော်တွင်ထွန်းတောက် လျက်ရှိသော ဘုန်းအသရေတော်အကြောင်း ကိုသိနားလည်နိုင်စေရန် ငါတို့၏စိတ်နှလုံး ထဲ၌အလင်းကိုထွန်းလင်းစေတော်မူသော ဘုရားသခင်ကား `အမှောင်ထဲမှအလင်း ပေါ်ထွန်းလိမ့်မည်' ဟုမိန့်ကြားတော်မူခဲ့ သောဘုရားသခင်ပင်ဖြစ်သတည်း။