အဘယ်သူသည်မသေဘဲအစဉ်အသက်ရှင်၍ နေနိုင်ပါမည်နည်း။ လူသည်မိမိကိုယ်ကိုအဘယ်သို့လျှင် သင်္ချိုင်းတွင်းသို့မရောက်အောင်တားဆီးနိုင် ပါမည်နည်း။
ရှင်ယောဟန် 8:51 - Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။ Garrad Bible ငါဧကန်အမှန်ဆိုသည်ကား မည်သူမဆိုငါ့တရားကိုစောင့်ရှောက်လျှင် အဘယ်ကာလမျှ သေခြင်းနှင့်မကြုံကြိုက်ရဟု မိန့်တော်မူ၏။ Judson Bible ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်တွေ့ကြုံရမည်မဟုတ်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။ မြန်မာ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။- |
အဘယ်သူသည်မသေဘဲအစဉ်အသက်ရှင်၍ နေနိုင်ပါမည်နည်း။ လူသည်မိမိကိုယ်ကိုအဘယ်သို့လျှင် သင်္ချိုင်းတွင်းသို့မရောက်အောင်တားဆီးနိုင် ပါမည်နည်း။
အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။
``သင်သည်ဘုရားသခင်ကတိထားတော်မူသော မေရှိယကိုမဖူးမမြင်ရမီမသေရ'' ဟုသန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ဗျာဒိတ်ကိုခံယူရရှိ သူလည်းဖြစ်၏။-
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
ကျွန်သည်သခင်ထက်ကြီးမြတ်သည်မဟုတ်ဟု သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။ လောကသားတို့သည်ငါ့ကိုညှဉ်းပန်းခဲ့ကြလျှင် သင်တို့ကိုလည်းညှဉ်းပန်းကြလိမ့်မည်။ သူတို့ သည်ငါ့စကားကိုလိုက်နာလျှင် သင်တို့၏ စကားကိုလည်းလိုက်နာကြလိမ့်မည်။-
``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။-
``အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏စကားကိုကြားနာ၍ ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သူသည်တရား စီရင်တော်မူခြင်းကိုမခံရဘဲ သေခြင်း မှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူ ဖြစ်၏။-
ဤအစာအာဟာရသည်ကားကောင်းကင်ဘုံမှ ဆင်းသက်သောအစာအာဟာရဖြစ်၍ ယင်းကို မှီဝဲသူသည်သေရလိမ့်မည်မဟုတ်။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ယုဒအမျိုးသားတို့က ``သင်သည်နတ်မိစ္ဆာ စွဲကပ်နေသူဖြစ်ကြောင်းယခုအခါငါတို့ သိကြပါပြီ။ အာဗြဟံကားသေလွန်လေ ပြီ။ ပရောဖက်များသည်လည်းထို့အတူပင်။ သို့ပါလျက်သင်က `ငါ၏စကားကိုနာယူ သူသည်အဘယ်အခါမျှသေရလိမ့်မည် မဟုတ်' ဟုဆိုချေသည်။-
သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
ဧနောက်သည်အရှင်လတ်လတ်ကောင်းကင်ဘုံ သို့ယူဆောင်ခြင်းကိုခံရသည်မှာ သူ၏ ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ဘုရားသခင် သည်သူ့ကိုယူဆောင်သွားတော်မူသဖြင့် သူ့အားမည်သူမျှရှာ၍မတွေ့နိုင်။ ဘုရား သခင်ယူဆောင်တော်မူခြင်းကိုမခံရမီ အခါက ဧနောက်သည်ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သူဖြစ်သည်ဟူ၍ ကျမ်း စာတော်ကဖော်ပြထား၏။-
သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-