သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
ရှင်ယောဟန် 8:31 - Common Language Bible သခင်ယေရှုသည်ယုံကြည်သူတို့အား ``သင် တို့သည်ငါဟောပြောသွန်သင်သည်အတိုင်းပြု ကျင့်ကြလျှင် ငါ၏တပည့်အမှန်ဖြစ်ကြ၏။- Garrad Bible ထို့ကြောင့် ကိုယ်တော်ကိုယုံကြည်သောယုဒလူမျိုးတို့အား ယေရှုက သင်တို့သည်ငါ့တရား၌တည်လျှင် ငါ့တပည့်စစ်ဖြစ်၍၊ Judson Bible ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက မိမိကို ယုံကြည်သောဂျူးလူမျိုးတို့အား “ငါ့သွန်သင်ချက်ကို လိုက်နာလျှင် သင်တို့သည် အမှန်ပင် ငါ့တပည့်ဖြစ်ကြ၏။ မြန်မာ ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။- |
သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
နာသနေလလာနေသည်ကိုသခင်ယေရှုမြင် တော်မူလျှင် ``ပရိယာယ်ကင်းသူဣသရေလ အမျိုးသားစစ်ကိုကြည့်ကြလော့'' ဟု မိန့်တော်မူ၏။
ငါ့အသားသည်စားစရာအစစ်အမှန်ဖြစ်၏။ ငါ့သွေးသည်သောက်စရာအစစ်အမှန်ဖြစ်၏။-
သို့ဖြစ်၍သင်တို့အားသားတော်ကလွတ်လပ် စေလျှင် သင်တို့သည်ဧကန်အမှန်လွတ်လပ် ကြလိမ့်မည်။-
တရားဇရပ်မှလူစုကွဲသောအခါယုဒ အမျိုးသားအမြောက်အမြားနှင့် ယုဒဘာသာ သို့ကူးပြောင်းလာသူအမြောက်အမြားတို့သည် ပေါလုနှင့်ဗာနဗတို့၏နောက်သို့လိုက်ကြ၏။ တမန်တော်တို့ကထိုသူတို့အား ဘုရားသခင် ၏ကျေးဇူးတော်၌ဆက်လက်သက်ရှင်ကြရန် အားပေးတိုက်တွန်းကြ၏။
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-
အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။-
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
သို့ရာတွင်အမျိုးသမီးတို့သည်ဣန္ဒြေစောင့် လျက်ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းမြင့် မြတ်ခြင်းပါရမီတို့၌ဆက်လက်ကြီးပွား ကြပါမူမိမိတို့သားဖွားပေးရကြသည့် အတွက်ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။
သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။
သို့သော်သင်သည်မိမိသင်ယူ၍စွဲမြဲစွာ ယုံကြည်သည့်သစ္စာတရားများကိုစောင့်ထိန်း လော့။ သင်အဘယ်သူတို့ထံမှနည်းနာခံခဲ့ သည်ကိုသင်သိ၏။-
ငါတို့သည်အစကကဲ့သို့အဆုံးတိုင်အောင် ခိုင်မြဲစွာယုံကြည်စိတ်ချမှုရှိကြပါလျှင် ခရစ်တော်နှင့်အတူတွဲဖက်လုပ်ဆောင်သူ များဖြစ်ကြ၏။
ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍ အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါက သူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို သူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။
သို့ရာတွင်လူတို့အားအပြစ်အနှောင်အဖွဲ့မှ လွတ်မြောက်စေသောစုံလင်သည့်တရားကို သေချာစွာလေ့လာကြည့်ရှုသောသူကား တရားနာရုံသာနာ၍မေ့လျော့သောသူ မဟုတ်ဘဲဆက်လက်အာရုံပြုကာလက်တွေ့ ကျင့်သုံးသောသူဖြစ်သဖြင့် အဘယ်အမှု မျိုးကိုပြုသည်မဆိုဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
သို့ဖြစ်၍သင်တို့သည်အစကပင်ကြားနာခဲ့ ကြသည့်တရားတော်ကိုမိမိတို့၏စိတ်နှလုံး တွင်ထိန်းသိမ်းထားကြလော့။ ယင်းသို့ပြုပါမူ သင်တို့သည်သားတော်နှင့်လည်းကောင်း၊ ခမည်း တော်နှင့်လည်းကောင်းထာဝစဉ်တစ်လုံးတစ်ဝ တည်းတည်ရှိကြလိမ့်မည်။-
ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-
သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေစွာဝတ်ပြုကိုးကွယ် လျက် အမိန့်တော်များကိုမလွန်ဆန်ဘဲစကား တော်ကိုလိုက်နာ၍ သင်တို့၏ဘုရင်နှင့်အတူ ကိုယ်တော်၏ကျေးဇူးသစ္စာတော်ကိုစောင့်ထိန်း ကြလျှင်သင်တို့၏ဘဝသာယာလိမ့်မည်။-