ရှင်ယောဟန် 8:30 - Common Language Bible ဤသို့မိန့်တော်မူသည်ကိုကြားရသောလူ အမြောက်အမြားပင်ကိုယ်တော်ကိုယုံကြည် လာကြ၏။ Garrad Bible ထိုသို့မိန့်တော်မူစဉ် အများတို့သည်ကိုယ်တော်ကိုယုံကြည်ကြသတည်း။ Judson Bible ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဤစကားတော်တို့ကိုမိန့်တော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူသည်ကို ကြားသောလူများစွာသည် ယေရှုကို ယုံကြည်လာကြ၏။ မြန်မာ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ |
ထိုအခါမာရိထံသို့လာကြသည့်လူ အမြောက်အမြားပင်သခင်ယေရှုပြုတော် မူသောအမှုကိုတွေ့မြင်ကြသဖြင့်ကိုယ် တော်ကိုယုံကြည်လာကြ၏။-
ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
ပရိသတ်အထဲမှလူအများပင်ကိုယ်တော်ကို သက်ဝင်ယုံကြည်လာကြပြီးလျှင် ``မေရှိယ အရှင်ကြွလာတော်မူသောအခါ ဤအရှင် ပြသည်ထက်ပိုမိုများပြားသောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြတော်မူမည်လော'' ဟုဆိုကြ၏။