ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။-
ရှင်ယောဟန် 8:24 - Common Language Bible သို့ဖြစ်၍သင်တို့သည်မိမိတို့အပြစ်၌သေ ကြလိမ့်မည်ဟုငါဆိုသတည်း။ ငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုသင်တို့မယုံကြည် လျှင် သင်တို့သည်မိမိတို့အပြစ်၌သေလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထိုကြောင့်သင်တို့သည် ကိုယ့်အပြစ်၌သေကြလိမ့်မည် ငါဆိုခဲ့၏။ ငါဖြစ်သည်ကိုသင်တို့မယုံလျှင် ကိုယ့်အပြစ်၌သေရကြလတ္တံ့ဟု မိန့်တော်မူ၏။ Judson Bible ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ‘သင်တို့သည် သင်တို့၏အပြစ်ကြောင့် သေဆုံးကြရမည်’ ဟု ငါပြောဆိုခြင်းဖြစ်၏။ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ မယုံကြည်သရွေ့ သင်တို့သည် သင်တို့၏ အပြစ်ကြောင့် သေဆုံးကြရမည်” ဟု မိန့်တော်မူ၏။ မြန်မာ ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။- |
ဘုရားသခင်က``ငါ၏နာမသည်ငါဖြစ် သည့်အတိုင်း ငါဖြစ်၏ ဟူ၍ဖြစ်သည်။ `ငါဖြစ်သည်ဟုနာမည်ရှိ သောအရှင်သည် သင်တို့ထံသို့ငါ့အားစေလွှတ် တော်မူသည်' ဟုဣသရေလအမျိုးသားတို့ ကိုပြောရမည်'' ဟုမိန့်တော်မူ၏။-
ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
`ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
လူအများပင်ငါ၏အယောင်ဆောင်လျက်လာ ကြလိမ့်မည်။ သူတို့သည်မေရှိယဖြစ်သည်ဟု ဆို၍လူအများကိုလှည့်ဖြားကြလိမ့်မည်။-
ယုံကြည်၍ဗတ္တိဇံမင်္ဂလာခံယူသူမှန်သမျှ ကို ဘုရားသခင်သည်ကယ်တင်တော်မူလိမ့်မည်။ မယုံကြည်သူမှန်သမျှကိုမူအြုပစ်ဒဏ်စီရင် တော်မူလိမ့်မည်။-
ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
ထိုသို့ဖြစ်ပျက်လာသောအခါ `ငါသည်ငါ ဖြစ်သည်အတိုင်းငါဖြစ်သည်ကို' သင်တို့ ယုံကြည်လာကြစေရန်ယခုကပင်ကြို တင်၍သင်တို့အားငါပြောနှင့်ပြီ။-
သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။-
သားတော်ကိုယုံကြည်သူသည်ထာဝရအသက် ကိုရ၏။ သားတော်၏စကားကိုနားမထောင်သူ မူကားအသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်သင့်သူဖြစ်လိမ့်မည်။
သခင်ယေရှုက ``ထိုအရှင်ကားသင်နှင့်ယခု စကားပြောနေသူငါပင်ဖြစ်၏'' ဟုမိန့်တော် မူ၏။
ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။-
ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-