တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
ရှင်ယောဟန် 8:20 - Common Language Bible ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။ Garrad Bible ဗိမာန်တော်အတွင်းအလှူတိုက်အနီး ဒေသနာပေးလျက်မိန့်တော်မူ၏။ အချိန်နာရီတော်မရောက်သေးသောကြောင့် မည်သူမျှကိုယ်တော်ကိုမဖမ်းဖြစ်ကြ။ Judson Bible ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဗိမာန်တော်၌သွန်သင်တော်မူစဉ် ဤစကားတို့ကို အလှူခံသေတ္တာအနီးတွင် မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မရောက်သေးသောကြောင့် မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ဗိမာန်တော်၏ အလှူခွက်ထားရာနေရာအနီးတွင် သွန်သင်တော်မူစဉ် ဤစကားတော်တို့ကို မိန့်တော်မူ၏။ သို့သော်လည်း ကိုယ်တော်၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြ။ မြန်မာ ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြ။ |
တံခါးမှူးလေးယောက်တို့သည်လေဝိအနွယ် ဝင်များဖြစ်၍လုံးဝတာဝန်ယူရသည်။ ဗိမာန်တော်ရှိအခန်းများနှင့် ယင်းတို့တွင် သိုလှောင်ထားသောပစ္စည်းများကိုလည်း တာဝန်ယူ၍စောင့်ထိန်းရကြ၏။-
ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။-
သခင်ယေရှုသည်ဗိမာန်တော်အလှူခံသေတ္တာရှေ့ တွင်ထိုင်လျက် ထိုသေတ္တာထဲသို့ လူတို့ငွေများ ထည့်ဝင်လှူဒါန်းကြသည်ကိုကြည့်ရှုတော်မူ၏။ များစွာသောသူဌေးသူကြွယ်တို့သည်ငွေ အမြောက်အမြားထည့်ဝင်လှူဒါန်းကြ၏။-
ထိုအခါကိုယ်တော်သည်တပည့်တော်တို့ကို ခေါ်တော်မူပြီးလျှင် ``ဤဆင်းရဲသောမုဆိုးမ သည်ဗိမာန်တော်အလှူခံသေတ္တာထဲသို့ထည့်ဝင် လှူဒါန်းကြသောသူအပေါင်းတို့ထက် ပို၍ ထည့်ဝင်လှူဒါန်းလေပြီဟုသင်တို့အား အမှန်အကန်ငါဆို၏။-
ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-
ကိုယ်တော်သည်မော်၍ကြည့်လိုက်ရာချမ်းသာ ကြွယ်ဝသူများဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူဒါနထည့်ဝင်နေကြသည်ကိုမြင်တော် မူ၏။-
ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
သခင်ယေရှုက ``မယ်တော်၊ အဘယ်အမှုပြု ရမည်ကိုအကျွန်ုပ်အားမပြောပါနှင့်။ အကျွန်ုပ် လုပ်ဆောင်ရန်အချိန်မကျသေးပါ'' ဟုမိန့်တော် မူ၏။
ပွဲတော်ကျင်းပရက်ထက်ဝက်မျှလွန်သော အခါ သခင်ယေရှုသည်ဗိမာန်တော်သို့ကြွ ၍ဟောပြောသွန်သင်လျက်နေတော်မူ၏။-
လူတို့သည်ကိုယ်တော်အားဖမ်းဆီးရန်အခွင့် ကိုရှာကြံကြသော်လည်းအချိန်မကျသေး သဖြင့် ကိုယ်တော်အားအဘယ်သူမျှမဖမ်း မဆီးကြ။-
လူအချို့တို့သည်ကိုယ်တော်ကိုဖမ်းဆီးလို ကြ၏။ သို့သော်လည်းအဘယ်သူမျှမဖမ်း မဆီးကြ။
ထိုပွဲတော်သို့သင်တို့သွားကြကုန်။ ငါကား ငါ့အချိန်မကျရောက်သေးသဖြင့်သွား လိမ့်မည်မဟုတ်'' ဟုပြန်၍မိန့်တော်မူ၏။-
နောက်တစ်နေ့နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူသောအခါ လူအပေါင်းတို့ သည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည် ထိုင်တော်မူလျက်ထိုသူတို့အားဟောပြော သွန်သင်တော်မူ၏။-
ထိုသူတို့သည်သခင်ယေရှုကိုပေါက်ရန် ကျောက်ခဲများကောက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည်တိမ်းရှောင်၍ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။