``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
ရှင်ယောဟန် 8:18 - Common Language Bible ငါသည်ကိုယ့်အကြောင်းကိုသက်သေခံ၏။ ငါ့ ကိုစေလွှတ်တော်မူသောခမည်းတော်ကလည်း ငါ့အကြောင်းကိုသက်သေခံ၏'' ဟုမိန့်တော် မူ၏။ Garrad Bible ငါသည်ကိုယ့်အကြောင်းကိုသက်သေခံသည့်ပြင် စေလွှတ်တော်မူလိုက်သောခမည်းတော်လည်း၊ သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။ Judson Bible ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကိုယ့်အကြောင်းကိုသက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ကိုယ့်အကြောင်းကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏” ဟု မိန့်တော်မူ၏။ မြန်မာ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။- |
``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
``ငါသည်သိုးထိန်းကောင်းဖြစ်၏။ သိုးထိန်းကောင်း သည်သိုးများအတွက် အသက်ကိုစွန့်တတ်၏။-
ငါသည်သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်းခမည်းတော် ကိုသိသကဲ့သို့ ငါသည်သိုးတို့ကိုသိ၍သိုး တို့သည်လည်းငါ့ကိုသိကြ၏။ ငါသည်သိုးများ အတွက်အသက်ကိုစွန့်၏။-
ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-
သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုသူတို့က ``သင်သည်အဘယ်သူနည်း'' ဟု မေးကြ၏။ သခင်ယေရှုက ``ငါအဘယ်သူ ဖြစ်သည်ကိုအစကတည်းကသင်တို့အား ငါပြောခဲ့ပြီ။-
ငါသည်ငါ့ခမည်းတော်ထံမှသိရှိသောအရာ များကိုဟောပြော၏။ သင်တို့မူကားသင်တို့ အဖညွှန်ကြားသည့်အတိုင်းပြုကြ၏'' ဟု မိန့်တော်မူ၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကားငါ့ စကားကိုနာယူသူသည် အဘယ်အခါမျှ သေဘေးနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားအာဗြဟံမမွေးဖွားမီက ပင်ငါရှိနှင့်၏'' ဟုမိန့်တော်မူ၏။
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။