သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။-
ရှင်ယောဟန် 7:43 - Common Language Bible သို့ဖြစ်၍ကိုယ်တော်နှင့်ပတ်သက်၍လူပရိသတ် စိတ်သဘောကွဲလွဲလျက်နေကြ၏။- Garrad Bible ကိုယ်တော့်အကြောင်းကြောင့် လူပရိသတ်ကွဲပြားကြသည့်အတိုင်း၊ Judson Bible ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ အလိုရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် လူထုပရိသတ်ထဲတွင် ကိုယ်တော်ကြောင့် ကွဲပြားခြင်းရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုအကြောင်းနှင့်ပတ်သက်၍ လူထုထဲ၌ သဘောထားကွဲလွဲကြ၏။ မြန်မာ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးခြင်းငှာ အလိုရှိကြ၏။- |
သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။-
ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန် ငါလာသည်ဟုထင်ကြသလော။ ယင်းသို့မဟုတ်။ လူတို့အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် သာလျှင်ငါလာသတည်း။-
လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။
မြို့သူမြို့သားတို့သည်နှစ်စုကွဲကြ၏။ တစ်စု ကယုဒအမျိုးသားတို့ဘက်သို့ပါ၍ အခြား တစ်စုကတမန်တော်တို့ဘက်သို့ပါကြ၏။