လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
ရှင်ယောဟန် 7:40 - Common Language Bible ပရိသတ်အထဲမှလူအများပင်ဤသို့ကိုယ်တော် ကြွေးကြော်တော်မူသည်ကိုကြားကြ၏။ သို့ဖြစ်၍ သူတို့က ``ဤသူသည်ဧကန်ပင်ပရောဖက်ဖြစ်၏'' ဟုဆိုကြ၏။ Garrad Bible ထိုမိန့်ဆိုချက်ကိုကြားသော် လူပရိသတ်အနက်အချို့က ဤသူသည် ထိုပရောဖက်မုချဖြစ်သည်ဟူ၍လည်းကောင်း၊ Judson Bible စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်ထဲမှ အချို့တို့သည် ဤတရားစကားတို့ကိုကြားသောအခါ “ဤသူသည် အမှန်ပင် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။ မြန်မာ စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည် လာလတ္တံ့သောပရောဖက် အမှန်ဖြစ်သည်ဟု ဆိုကြ၏။- |
လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
ထိုသူတို့က ``သင်သည်မေရှိယမဟုတ်လျှင် အဘယ်သူနည်း။ ဧလိယပေလော'' ဟုတစ်ဖန် မေးပြန်ကြ၏။ ယောဟန်က ``ငါသည်ဧလိယမဟုတ်'' ဟုဆို၏။ သူတို့က ``ပရောဖက်ပေလော'' ဟုမေးကြလျှင်၊ ``ငါသည်ပရောဖက်လည်းမဟုတ်'' ဟုဆိုပြန်၏။
အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။-
ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
လူပရိသတ်သည်ကိုယ်တော်နှင့်ပတ်သက်၍ များစွာတီးတိုးပြောဆိုလျက်နေကြကုန်၏။ လူအချို့တို့က ``ဤသူသည်သူတော်ကောင်း ဖြစ်သည်'' ဟုဆိုကြ၏။ အချို့ကမူ ``သူတော် ကောင်းမဟုတ်။ လူပရိသတ်အားမှောက်မှား လမ်းလွဲစေသူဖြစ်၏'' ဟုဆိုကြ၏။-
(ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။)