အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်ယောဟန် 7:34 - Common Language Bible

သင်​တို့​သည်​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​ကြ​လိမ့် မည်​မ​ဟုတ်။ ထို​မှ​တစ်​ပါး​ငါ​ရောက်​ရှိ​မည့် အ​ရပ်​သို့​သင်​တို့​မ​သွား​နိုင်​ကြ'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထိုအခါ သင်တို့သည်ငါ့ကိုရှာ၍တွေ့ကြမည်မဟုတ်။ ငါရှိရာသို့လည်းရောက်နိုင်ကြမည် မဟုတ်ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​သော်လည်း တွေ့​မည်​မ​ဟုတ်။ ငါ​ရှိ​ရာ​အရပ်​သို့​လည်း သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​သည် ငါ့​ကို ရှာ​သော်လည်း တွေ့ကြ​လိမ့်မည်​မဟုတ်။ ငါ​သွားမည့် အရပ်​သို့လည်း လိုက်နိုင်ကြမည်​မဟုတ်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ ငါ​ရှိ​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။



ရှင်ယောဟန် 7:34
12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​သိုး​နွား​များ​ကို​ထာ​ဝ​ရ​ဘု​ရား အား​ယဇ်​ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ကြ​သော် လည်း​အ​ကျိုး​မ​ရှိ၊ ကိုယ်​တော်​သည်​သူ​တို့ ကို​စွန့်​ပစ်​သွား​ပြီ​ဖြစ်​၍​သူ​တို့​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​ကြ။-


`ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ဖြင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​မည့်​နေ့​မ​တိုင်​မီ​သင်​သည်​ယ​ခု မှ​စ​၍​ငါ့​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင့် အား​ငါ​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​သည်။


ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။-


သ​ခင်​ယေ​ရှု​က ``ငါ​သည်​ခ​ရီး​လမ်း​ဖြစ်​၏။ သမ္မာ​တ​ရား​လည်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​အ​မှီ​မ​ပြု​ဘဲ​အ​ဘယ်​သူ​မျှ​ခ​မည်း တော်​ထံ​သို့​မ​ရောက်​နိုင်။-


``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။-


သူ​က `သင်​တို့​ငါ့​ကို​ရှာ​သော်​လည်း​တွေ့​လိမ့်​မည် မ​ဟုတ်။ ငါ​ရောက်​ရှိ​မည့်​အ​ရပ်​သို့​သင်​တို့​မ​သွား နိုင်​ကြ' ဟု​ဆို​ချေ​သည်။ ဤ​စ​ကား​များ​၏​အ​နက် ကား​အ​ဘယ်​သို့​နည်း'' ဟု​အ​ချင်း​ချင်း​မေး​မြန်း ကြ​၏။