ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ရှင်ယောဟန် 7:11 - Common Language Bible ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။- Garrad Bible ထိုပွဲတွင် ယုဒလူမျိုးတို့သည်ကိုယ်တော်ကိုရှာလျက် အဘယ်မှာရှိသနည်းဟုမေးမြန်းကြရာ၊ Judson Bible ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုပွဲတော်တွင် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုလိုက်ရှာလျက် “ထိုသူသည် အဘယ်မှာရှိသနည်း”ဟု မေးမြန်းကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပွဲတွင် ဂျူးခေါင်းဆောင်များက ယေရှုကို ရှာဖွေလျက် “ယေရှုသည် အဘယ်မှာ ရှိသနည်း” ဟု မေးမြန်းကြ၏။ မြန်မာ ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။- |
ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ထိုသူတို့သည်သခင်ယေရှုကိုရှာလျက်နေ ကြ၏။ သူတို့သည်ဗိမာန်တော်တွင်စုရုံးမိ ကြသောအခါ ``သူသည်ဤပွဲတော်သို့လာ ပါမည်လော။ မလာမည်မှာသေချာ၏။ သင် တို့အဘယ်သို့ထင်ကြသနည်း'' ဟုအချင်း ချင်းမေးမြန်းပြောဆိုကြ၏။-
ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-
သို့ရာတွင်ယုဒအာဏာပိုင်တို့ကိုကြောက် ကြသဖြင့် ကိုယ်တော်၏အကြောင်းကိုမည်သူ မျှပွင့်လင်းစွာမပြောရဲကြ။
ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။