သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
ရှင်ယောဟန် 7:1 - Common Language Bible ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။- Garrad Bible ထိုနောက် ကိုယ်တော်ကိုအသေသတ်ရန် ယုဒလူမျိုးတို့ရှာကြံကြသောကြောင့် ယေရှုသည်ယုဒနယ်တွင် သွားလာလိုတော်မမူဘဲ ဂါလိလဲနယ်တွင်သွားလာတော်မူ၏။ Judson Bible ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် ဂါလိလဲနယ်တွင် လှည့်လည်တော်မူ၏။ အကြောင်းမှာ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံနေကြသောကြောင့် ယုဒနယ်၌လှည့်လည်ရန် အလိုတော်မရှိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ဂျူးခေါင်းဆောင်တို့သည် ကိုယ်တော်ကို သတ်ရန် ရှာကြံလျက်ရှိသောကြောင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ရန် အလိုရှိတော်မမူပေ။ မြန်မာ ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှာ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုတော်မရှိ။ |
သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကြား၍ ကိုယ်တော်ကိုသတ်ရန်နည်းလမ်း ရှာကြ၏။ လူပရိသတ်အပေါင်းတို့သည်ယင်းသို့ သွန်သင်တော်မူသည်ကိုလွန်စွာအံ့သြလျက် ရှိကြသောကြောင့် ထိုသူတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
ယင်းသို့ဖာရိရှဲတို့ကြားသိကြကြောင်းကို သခင်ယေရှုသိတော်မူလျှင် ယုဒပြည်မှ ထွက်ခွာတော်မူ၍ဂါလိလဲပြည်သို့ကြွ တော်မူ၏။-
ဤကားယုဒပြည်မှဂါလိလဲပြည်သို့သခင် ယေရှုကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြတော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာဖြစ် သတည်း။
ထိုသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ဂါလိလဲအိုင် (တိဗေရိအိုင်ဟုလည်းခေါ်သည်) ကိုကူးတော်မူ၏။-
ယုဒအာဏာပိုင်တို့သည်ထိုပွဲတော်တွင် ကိုယ်တော်ကိုရှာလျက် ``ထိုသူကားအဘယ် မှာနည်း'' ဟုမေးမြန်းကြ၏။-
သို့ရာတွင်ယုဒအာဏာပိုင်တို့ကိုကြောက် ကြသဖြင့် ကိုယ်တော်၏အကြောင်းကိုမည်သူ မျှပွင့်လင်းစွာမပြောရဲကြ။
မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။
ယေရုရှလင်မြို့သားအချို့တို့က ``ဤသူကို အာဏာပိုင်ကသတ်ရန်ရှာကြံနေကြသည် မဟုတ်ပါလော။-
ယုဒအာဏာပိုင်တို့က ``ငါတို့ရှာ၍မတွေ့စေရန် သူသည်အဘယ်အရပ်သို့သွားပါမည်နည်း။ ယုဒ အမျိုးသားတို့နေထိုင်ရာဂရိမြို့များသို့သွား၍ ဂရိအမျိုးသားတို့အားဟောပြောသွန်သင်ပါ မည်လော။-
သင်တို့သည်အာဗြဟံ၏သားမြေးဖြစ်သည်ကို ငါသိ၏။ သို့ရာတွင်သင်တို့သည်ငါ၏သွန်သင် ချက်ကိုလက်မခံလိုသဖြင့် ငါ့ကိုသတ်ရန် ကြိုးစားကြ၏။-
ဘုရားသခင်ထံတော်မှကြားနာခဲ့ရသည့် သမ္မာတရားကို သင်တို့အားဟောပြောသူငါ့ ကိုသတ်ရန်သင်တို့ကြံစည်လျက်နေကြ၏။ အာဗြဟံကားဤသို့မကျင့်ခဲ့။-
နာဇရက်မြို့သားယေရှုသည်ဘုရားသခင် ထံတော်မှသန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုး တော်အဘယ်သို့ခံယူရရှိသည်အကြောင်းကို လည်းကောင်းသင်တို့သိကြ၏။ ဘုရားသခင် သည်ကိုယ်တော်နှင့်အတူရှိတော်မူသဖြင့် ကိုယ်တော်သည်အရပ်ရပ်သို့လှည့်လည်၍ လူ တို့အားကျေးဇူးပြုလျက်မာရ်နတ်နှိပ်စက် သူအပေါင်းတို့အားကျန်းမာစေတော်မူခဲ့၏။-