``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
ရှင်ယောဟန် 6:70 - Common Language Bible သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။- Garrad Bible ယေရှုက တစ်ဆယ့်နှစ်ယောက်သောသင်တို့ကိုငါရွေးကောက်သည်မဟုတ်လော။ တစ်ယောက်ကား နတ်ဆိုးဖြစ်သည်ဟုမိန့်တော်မူ၏။ Judson Bible ယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ တစ်ကျိပ်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည် မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ရန်သူတစ်ယောက်ပါသည်ဟု မိန့်တော်မူ၏။- |
``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
ဤသို့မိန့်တော်မူပြီးသောအခါသခင်ယေရှု သည်ပြင်းစွာစိတ်ဒုက္ခရောက်တော်မူ၍ ``အမှန် အကန်သင်တို့အားငါဆိုသည်ကား၊ သင်တို့ အနက်တစ်ယောက်သောသူသည်ငါ့ကိုရန်သူ့ လက်သို့အပ်နှံလိမ့်မည်'' ဟုပွင့်လင်းစွာမိန့် တော်မူ၏။
ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။-
အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ်သူတို့ ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ၏။ ကျမ်းစာတော် လာသည့်အတိုင်းဖြစ်ပျက်စေရန်ပျက်စီးရ မည့်သူတစ်ဦးမှလွဲ၍ အခြားမည်သူတစ်စုံ တစ်ယောက်မျှပျက်စီးမှုမရှိခဲ့ပါ။-
သခင်ယေရှုကြွလာတော်မူချိန်၌ (အမြွှာပူး ဟုနာမည်တွင်သည့်) သောမကားတပည့်တော် တို့နှင့်အတူမရှိ။-
သို့သော်လည်းသင်တို့အနက်အချို့သောသူ တို့သည်မယုံကြည်ကြ'' ဟုမိန့်တော်မူ၏။ (မည် သူတို့မယုံကြည်ကြသည်ကိုလည်းကောင်း၊ မည်သူသည်ကိုယ်တော်အားရန်သူ့လက်သို့ အပ်နှံမည်ကိုလည်းကောင်း သခင်ယေရှုသည် အစကတည်းကပင်သိတော်မူပြီးဖြစ်၏။)-
သို့ဖြစ်၍သခင်ယေရှုက ``သင်တို့သည်လည်း ငါ့ထံမှထွက်ခွာသွားလိုကြပါသလော'' ဟုတပည့်တော်တစ်ကျိပ်နှစ်ပါးတို့အား မေးတော်မူ၏။
ရှိမုန်ရှကာယုတ်၏သားယုဒသည်တစ်ကျိပ် နှစ်ပါးအပါအဝင်ဖြစ်သော်လည်း ကိုယ်တော် အားရန်သူ့လက်သို့အပ်မည့်သူဖြစ်သဖြင့် ထိုသူကိုရည်ဆောင်၍ဤသို့မိန့်တော်မူခြင်း ဖြစ်သတည်း။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
ယုဒသည်အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရသူဖြစ်၍ ငါတို့လူစုတွင် အပါအဝင်ဖြစ်ခဲ့၏။''
``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။-
ထိုနည်းတူစွာအသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတို့သည်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်ရန်သွန်သင်လော့။ သူ တို့သည်သူတစ်ပါး၏အသရေကိုဖျက်သူ များ၊ အရက်၏ကျွန်များမဖြစ်စေရ။ အကောင်း ကိုသင်ကြားပေးတတ်သူများဖြစ်ရကြမည်။-
အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။