ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
ရှင်ယောဟန် 6:21 - Common Language Bible ထိုအခါသူတို့သည်ဝမ်းမြောက်စွာကိုယ်တော် အားလှေပေါ်သို့ပင့်ဖိတ်ကြ၏။ ထိုနောက်လှေ သည်တစ်ခဏချင်းတွင်ရောက်လိုရာကမ်း ခြေသို့ဆိုက်လေ၏။ Garrad Bible တပည့်တော်တို့သည် အားတက်သရောလှေပေါ်တွင်လက်ခံ၍ လှေလည်းသွားကြမည့်ဆိပ်ကမ်းသို့ ချက်ခြင်းဆိုက်ရောက်၏။ Judson Bible လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အားရဝမ်းမြောက်လျက် ကိုယ်တော်ကို လှေပေါ်သို့ခေါ်ဖိတ်လက်ခံကြရာ လှေသည် သူတို့သွားရန်ရည်ရွယ်ထားသည့်အရပ်သို့ ချက်ချင်းရောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် ယေရှုကို လှေပေါ်သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြ၏။ ထို့နောက် လှေသည် သူတို့သွား ရန် ရည်ရွယ်သည့်ကမ်းသို့ ချက်ချင်းရောက်သွားလေ၏။ မြန်မာ လှေသည်လည်း ရောက်လိုသောအရပ်သို့ တစ်ခဏချင်းတွင် ဆိုက်လေ၏။ |
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သောသမင် ဒရယ်များကို တိုင်တည်၍၊ သင်တို့ကို ငါမှာထား၏။
ထိုနောက်သူတို့ရှိရာလှေပေါ်သို့တက်တော် မူ၏။ ထိုခဏ၌လေငြိမ်သွား၏။ သူတို့သည် လွန်မင်းစွာအံ့သြတွေဝေလျက်နေကြ၏။-
နောက်တစ်နေ့၌အိုင်တစ်ဖက်ကမ်းတွင်နေရစ် ခဲ့သောလူပရိသတ်တို့သည် ထိုအရပ်၌လှေ တစ်စင်းတည်းရှိခဲ့သည်ကိုသတိရကြ၏။ ထိုလှေတွင်သခင်ယေရှုလိုက်ပါတော်မမူ ဘဲ တပည့်တော်ချည်းသာလျှင်ထွက်ခွာသွား ကြသည်ကိုသိကြ၏။-
နားထောင်လော့။ ငါသည်တံခါးရှေ့တွင်ရပ်၍ တံခါးခေါက်လျက်နေ၏။ ငါ၏အသံကိုကြား ၍တံခါးကိုဖွင့်သောသူ၏အိမ်သို့ငါဝင်ပြီး လျှင်သူနှင့်အတူစားသောက်မည်။ သူသည် လည်းငါနှင့်အတူစားသောက်ရလိမ့်မည်။-