(အချင်းအဟောလိဗ၊ သင်သည်သူငယ်မ အရွယ်ကယောကျာ်းတို့သင်၏ရင်သားတို့ ကိုပွတ်နယ်သဖြင့် အပျိုရည်ပျက်ခဲ့သည့် အီဂျစ်ပြည်တွင်ကူးလွန်ခဲ့သောကာမ ဂုဏ်လိုက်စားမှုကိုထပ်မံကူးလွန်လိုပါ သည်တကား။)
ရှင်ယောဟန် 5:43 - Common Language Bible ငါသည်ခမည်းတော်၏အခွင့်အာဏာနှင့် ရောက်ရှိလာသော်လည်း သင်တို့သည်ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးတစ်ယောက် သည် ကိုယ်ပိုင်အခွင့်အာဏာနှင့်ရောက်ရှိလာ ပါမူ သင်တို့လက်ခံကြလိမ့်မည်။- Garrad Bible ခမည်းတော်၏နာမတော်နှင့်ငါရောက်လာသော် သင်တို့လက်မခံကြ။ ကိုယ့်နာမနှင့်အခြားသူ ရောက်လာလျှင် လက်ခံကြလိမ့်တကား။ Judson Bible ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ့ခမည်းတော်၏နာမအားဖြင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိကိုယ်ပိုင်နာမအားဖြင့် ရောက်လာလျှင် ထိုသူကို သင်တို့လက်ခံကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ခမည်းတော်၏ အခွင့်နှင့် လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးသည် ကိုယ်ပိုင်အခွင့်နှင့် လာပါက သင်တို့သည် ထိုသူကို လက်ခံကြလိမ့်မည်။ မြန်မာ ငါသည်ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။- |
(အချင်းအဟောလိဗ၊ သင်သည်သူငယ်မ အရွယ်ကယောကျာ်းတို့သင်၏ရင်သားတို့ ကိုပွတ်နယ်သဖြင့် အပျိုရည်ပျက်ခဲ့သည့် အီဂျစ်ပြည်တွင်ကူးလွန်ခဲ့သောကာမ ဂုဏ်လိုက်စားမှုကိုထပ်မံကူးလွန်လိုပါ သည်တကား။)
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
`ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
သခင်ယေရှုက ``သင်တို့အားငါပြောပြီးဖြစ် ၏။ သို့ရာတွင်သင်တို့မယုံကြ။ ခမည်းတော်ခွင့် ပြုတော်မူချက်အရငါပြုသည့်အမှုအရာ များက ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။-
အို ခမည်းတော်၊ ကိုယ်တော်ရှင်၏နာမတော် အားဘုန်းအသရေထွန်းတောက်စေတော်မူ ပါ'' ဟုမြွက်ဆိုတော်မူ၏။ ထိုအခါကောင်းကင်မှ ``ငါသည်နာမတော် ကိုဘုန်းအသရေထွန်းတောက်စေပြီ။ နောက် တစ်ဖန်လည်းထွန်းတောက်စေဦးမည်'' ဟုအသံ တော်ပေါ်ထွက်လာ၏။
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
အဘယ်ကြောင့်ဆိုသော်ငါသည်ငါ့အလိုအတိုင်း ဆောင်ရွက်ရန် ကောင်းကင်ဘုံမှဆင်းသက်လာသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏ အလိုအတိုင်းဆောင်ရွက်ရန် ဆင်းသက်လာသော ကြောင့်တည်း။-
မကြာသေးမီအခါကပုန်ကန်ထကြွလျက် သူ ပုန်လေးထောင်ကိုခေါင်းဆောင်၍ တောကန္တာရသို့ ခေါ်ဆောင်သွားသူအီဂျစ်အမျိုးသားပင် မဟုတ်လော'' ဟုမေး၏။