ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
ရှင်ယောဟန် 4:51 - Common Language Bible သူသည်လမ်းခရီးမှာရှိနေသေးစဉ်သူ၏ အစေခံများရောက်လာ၍ ``အရှင်၏သားငယ် သည်သက်သာလာပါပြီ'' ဟုပြောကြားကြ၏။ Garrad Bible ခရီးအကြား ကြိုဆိုလာသောကျွန်တို့က အရှင့်သားအသက်ရှင်ကြောင်း လျှောက်ထားကြရာ၊ Judson Bible လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အပြန်လမ်းတွင် သူ၏အစေအပါးတို့သည် သူ့ကိုဆီးကြိုလျက် သူ့သားအသက်ချမ်းသာရာရပြီဖြစ်ကြောင်း ပြောကြားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြန်လမ်း၌ပင် သူ၏ အစေခံများနှင့် တွေ့ဆုံရာ သူတို့က သားဖြစ်သူသည် ကျန်းမာပြီဖြစ်ကြောင်း ပြောကြားကြ၏။ မြန်မာ လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။- |
ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
သခင်ယေရှုက ``သွားလော့။ သင့်သားသည် အသက်ရှင်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုသူသည်သခင်ယေရှုမိန့်တော်မူသည့် စကားကိုယုံကြည်လျက်ထွက်သွား၏။-
ထိုသူက ``အဘယ်အချိန်၌သားငယ်ရောဂါ သက်သာသွားပါသနည်း'' ဟုမေးသောအခါ အစေခံများက ``ယမန်နေ့မွန်းလွဲတစ်နာရီ ခန့်တွင်အဖျားပျောက်ပါ၏'' ဟုဖြေကြား ကြ၏။-
ထိုအခါဖခင်ဖြစ်သူသည်ထိုအချိန်ကား `သင့်သားသည်အသက်ရှင်လိမ့်မည်' ဟုသခင် ယေရှုမိန့်တော်မူသောအချိန်ပင်ဖြစ်ကြောင်း ကိုသတိရလေသည်။ သို့ဖြစ်၍သူနှင့်တကွ အိမ်သူအိမ်သားအပေါင်းတို့သည်ကိုယ်တော် အားယုံကြည်လာကြ၏။