ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
ရှင်ယောဟန် 4:45 - Common Language Bible ရောက်တော်မူလျှင်ဂါလိလဲပြည်သားတို့ သည်ကိုယ်တော်အားကြိုဆိုလက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော်ယေရုရှလင်မြို့ တွင်ကျင်းပခဲ့သည့်ပသခါပွဲတော်သို့ သူ တို့ကိုယ်တိုင်ရောက်ခဲ့ကြ၍ ထိုပွဲတော်အတွင်း ၌ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာ အပေါင်းကိုတွေ့မြင်ခဲ့ကြသောကြောင့်တည်း။ Garrad Bible ထိုနယ်သူနယ်သားတို့သည် ယေရုရှလင်မြို့ပွဲတော်သို့သွား၍ ပွဲအတွင်းပြုတော်မူသမျှကိုမြင်ခဲ့ကြသဖြင့် ကိုယ်တော်ကိုလက်ခံကြ၏။ Judson Bible ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဂါလိလဲနယ်သို့ရောက်တော်မူသောအခါ ဂါလိလဲနယ်သားတို့သည် ကိုယ်တော်ကိုကြိုဆိုလက်ခံကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားရောက်ခဲ့၍ ပွဲတော်ကာလအတွင်း ဂျေရုဆလင်မြို့၌ ကိုယ်တော်ပြုတော်မူသောအမှုအရာအားလုံးတို့ကို မြင်ခဲ့ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ ဂါလိလဲပြည်သားတို့သည် ကိုယ်တော်ကို ကြိုဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် ဂျေရုဆလင်မြို့တွင် ကျင်းပသည့်ပသခါပွဲတော်သို့ သူတို့ကိုယ်တိုင် သွားကြစဉ် ထိုပွဲ၌ ယေရှုပြုတော်မူသမျှသော အမှုတို့ကို မြင်တွေ့ခဲ့ကြသောကြောင့်ဖြစ်၏။ မြန်မာ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကိုလက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။- |
ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။-
သို့ရာတွင်ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်နေတော်မူသည်ကိုထောက်၍ ရွာသားတို့သည်ကိုယ်တော်ကိုလက်မခံကြ။-
ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
ဤကားယုဒပြည်မှဂါလိလဲပြည်သို့သခင် ယေရှုကြွတော်မူပြီးနောက် ဒုတိယအကြိမ် ပြတော်မူသောအံ့ဖွယ်နိမိတ်လက္ခဏာဖြစ် သတည်း။
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''