သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။ လာဗန်က``ပြောပါ'' ဟုဆို၏။-
ရှင်ယောဟန် 4:31 - Common Language Bible ဤအတောအတွင်း၌တပည့်တော်တို့က ``အရှင် ဘုရား၊ အစားအစာသုံးဆောင်တော်မူပါ'' ဟု လျှောက်ထားတောင်းပန်ကြ၏။ Garrad Bible မရောက်ကြသေးမီ တပည့်တော်တို့က ဆရာတော်၊ စားတော်ခေါ်ပါဟုတောင်းပန်ကြရာ၊ Judson Bible မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်အတောအတွင်း၌ တပည့်တော်တို့က “ရဗ္ဗိ၊ သုံးဆောင်တော်မူပါ”ဟု ကိုယ်တော်အားပန်ကြားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ် တပည့်တော်တို့က ယေရှုအား “ဆရာတော်… အစာကို သုံးဆောင်တော်မူပါ” ဟု တောင်းပန်ကြ၏။ မြန်မာ မရောက်မီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကိုသုံးဆောင်တော်မူပါဟု တောင်းပန်ကြလျှင်၊- |
သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။ လာဗန်က``ပြောပါ'' ဟုဆို၏။-
စျေးရပ်ကွက်တွင်အလေးပြုခြင်းကိုခံလို ကြ၏။ ဆရာတော်ဟုအခေါ်ခံလိုကြ၏။-
သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
ကိုယ်တော်ကိုရန်သူ့လက်သို့အပ်မည့်သူယုဒ က ``အရှင်ဘုရား၊ ထိုသူသည်အကျွန်ုပ်ပေလော'' ဟုမေးလျှောက်လျှင်၊ ကိုယ်တော်က ``သင်ပြောသည့်အတိုင်းပင်မှန်၏'' ဟုမိန့်တော်မူ၏။
ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။
သူသည်ရောက်လာပြီးလျှင်ချက်ချင်းပင် ကိုယ်တော်ထံသို့ချဉ်းကပ်ကာ ``အရှင်ဘုရား'' ဟုဆို၍ကိုယ်တော်ကိုနမ်းရှုပ်လေသည်။-
ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေထိုင်ဖွယ်ကောင်းပါ၏။ ကိုယ်တော်ရှင်အတွက် တဲတစ်ဆောင်၊ မောရှေအတွက်တဲတစ်ဆောင်၊ ဧလိယ အတွက်တဲတစ်ဆောင်၊ တဲသုံးဆောင်ကိုအကျွန်ုပ်တို့ ဆောက်ပါရစေ'' ဟုသခင်ယေရှုအားလျှောက် ထား၏။-
သခင်ယေရှုသည်နောက်သို့လှည့်၍ကြည့်တော် မူရာ ထိုသူတို့လိုက်လာသည်ကိုမြင်တော်မူ လျှင် ``သင်တို့အဘယ်အရာကိုအလိုရှိကြ သနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``ရဗ္ဗိ၊ ကိုယ်တော်သည်အဘယ်မှာ နေတော်မူပါသနည်း'' ဟုမေးလျှောက်ကြ၏။ (ရဗ္ဗိ၏အနက်ကားအရှင်ဘုရားဟုဆိုလို၏)
ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
တပည့်တော်တို့က ``အရှင်ဘုရား၊ လူတို့သည် ကိုယ်တော်အားမကြာမီကပင်ခဲနှင့်ပေါက် ရန်ကြိုးစားကြပါ၏။ ထိုအရပ်သို့တစ်ဖန် ကြွတော်မူဦးမည်လော'' ဟုမေးလျှောက်ကြ၏။
သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။
သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။
ကိုယ်တော်က ``သင်တို့မသိကြသည့်အစား အစာကိုငါသုံးဆောင်ပြီးပြီ'' ဟုမိန့်တော် မူ၏။-
အိုင်တစ်ဖက်ကမ်းတွင်ကိုယ်တော်ကိုတွေ့ကြသော အခါလူပရိသတ်က ``ဆရာတော်၊ ကိုယ်တော်သည် ဤအရပ်သို့အဘယ်အခါကကြွလာတော်မူ ပါသနည်း'' ဟုမေးလျှောက်ကြ၏။
တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။