ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
ရှင်ယောဟန် 3:22 - Common Language Bible ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ နှင့်အတူ ယုဒကျေးလက်သို့ကြွတော်မူ၏။ ထိုအရပ်တွင်တပည့်တော်တို့နှင့်အတူနေ တော်မူလျက်ဗတ္တိဇံမင်္ဂလာကိုပေးတော်မူ၏။- Garrad Bible ထိုနောက်ယေရှုသည် တပည့်တော်တို့ပါ ယုဒနယ်သို့ကြွရောက်၍ သူတို့နှင့်တကွဗတ္တိဇံမင်္ဂလာပေးလျက် တည်းနေတော်မူ၏။ Judson Bible ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်တကွ ယုဒနယ်သို့ကြွတော်မူပြီး ထိုအရပ်၌ သူတို့နှင့်အတူနေလျက် ဗတ္တိဇံပေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဂျေရုဆလင်မြို့မှ ယုဒနယ်သို့ကြွတော်မူ၏။ ထိုအရပ်တွင် တပည့်တော်တို့နှင့်အတူ နေ၍ နှစ်ခြင်းမင်္ဂလာပေးတော်မူ၏။ မြန်မာ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။- |
ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
ရှာလိမ်မြို့အနီးအဲနုန်အရပ်တွင်ရေများစွာ ရှိသဖြင့်ယောဟန်သည်လည်း ဗတ္တိဇံမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည်ယောဟန်ထံ သို့လာ၍ဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။-
သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။
သို့ဖြစ်၍ညီတော်များကကိုယ်တော်အား ``သင် ပြုသောအမှုအရာများကိုသင့်တပည့်တို့ တွေ့မြင်နိုင်ကြစေရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့သွားပါလော့။-