အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။-
ရှင်ယောဟန် 3:20 - Common Language Bible ဆိုးယုတ်သူတိုင်းအလင်းကိုမုန်း၏။ မိမိ၏ အကျင့်ဆိုးပေါ်သွားမည်ကိုစိုး၍အလင်း အနီးသို့မကပ်ဝံ့။- Garrad Bible ယုတ်မာစွာပြုကျင့်သူတိုင်း အလင်းကိုရွံရှာလျက်၊ ကိုယ့်အပြုအမူပေါ်မည်စိုး၍ အလင်းသို့မချဉ်းဝံ့ချေ။ Judson Bible ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကိုမထင်ရှားစေခြင်းငှာ အလင်းသို့ မချဉ်းကပ်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျင့်ဆိုးတို့ကို ကျင့်သောသူတို့သည် အလင်းကို မုန်းကြ၏။ မိမိတို့၏ အကျင့်ဆိုးများ ပေါ်လာမည်ကို စိုးသောကြောင့် အလင်းသို့ မချဉ်းကပ်ကြ။ မြန်မာ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကိုမထင်ရှားစေခြင်းငှာ အလင်းသို့ မချဉ်းကပ်ကြ။- |
အာမနုန်စားရန်မုန့်ကိုအိုးကင်းမှယူ၍ ထည့်ထားပေး၏။ သို့ရာတွင်အာမနုန်သည် မစားဘဲ``လူအပေါင်းတို့အားငါ့ထံမှ ထွက်ခွာသွားစေလော့'' ဟုဆို၏။ သူတို့ သည်လည်းထွက်သွားကြ၏။-
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
သူသည်ညဥ့်ချင်းတွင်ပင်ထ၍ကျွန်မအိပ်ပျော် နေစဉ် နံဘေးရှိကျွန်မ၏သားငယ်ကိုပွေ့၍မိမိ အိပ်ရာသို့ယူသွားပါ၏။ ထို့နောက်သေနေသော ကလေးကိုကျွန်မ၏အိပ်ရာတွင်ထားပါ၏။-
အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
ကောက်သောအကြံကို ကြံစည်ခြင်းငှါ မျက်စိ မှိတ်၍၊ နှုတ်ခမ်းတို့ကို လှုပ်သဖြင့်၊ ဆိုးယုတ်သောအမှုကို ပြီးစီးတတ်၏။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
သူတို့သည်အပြစ်ဒုစရိုက်ကိုမစွန့်ပစ်ကြ။ သူတို့သည်လိမ်လည်လှည့်စားကြ၏။ ထာဝရဘုရားကမိမိ၏လူမျိုးတော်သည် ကိုယ်တော်အားပစ်ပယ်ကြောင်းမိန့်တော်မူ၏။
ကျမ်းတတ်ဆရာတစ်ယောက်က ``ဆရာတော်၊ အရှင်ဤသို့မိန့်တော်မူသည်မှာအကျွန်ုပ် တို့ကိုလည်းစော်ကားရာရောက်ပါသည်'' ဟု လျှောက်၏။
သို့ရာတွင်သစ္စာတရားကိုကျင့်သောသူများ ကား မိမိပြုလေသမျှသောအရာတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ် ကြောင်းကို သိသာထင်ရှားစေရန်အလင်း သို့ချဉ်းကပ်လာတတ်သည်။
ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-