သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။ မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။
ရှင်ယောဟန် 20:28 - Common Language Bible သောမက ``အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားပါတကား'' ဟုပြန်၍လျှောက်၏။ Garrad Bible သောမက အကျွန်ုပ်အရှင်၊ အကျွန်ုပ်ဘုရားသခင်ပါတကားဟု ပြန်လျှောက်လေ၏။ Judson Bible သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သောမက “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်”ဟု ပြန်လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သောမက “အကျွန်ုပ်၏သခင်… အကျွန်ုပ်၏ဘုရားပင် ဖြစ်ပေ၏” ဟု ပြန်၍လျှောက်၏။ မြန်မာ သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။- |
သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။ မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။
အရှင်မင်းကြီးအားဘုရားသခင် ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။ အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
ဤအမှုအရာများဖြစ်ပျက်လာသောအခါ လူအပေါင်းတို့က``ကိုယ်တော်သည်ငါတို့၏ ဘုရားသခင်ဖြစ်တော်မူပါသည်တကား။ ငါတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား သည်ဖြစ်၍ ကိုယ်တော်ကလည်းငါတို့အား ကယ်ဆယ်တော်မူလေပြီ။ ကိုယ်တော်ကား ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားခဲ့ကြ၏။ ကိုယ်တော်သည်ငါတို့ကိုကယ်တင်တော် မူပြီဖြစ်၍ယခုအခါ ငါတို့သည်ဝမ်း မြောက်ကြည်နူးရွှင်မြူးအားရကြပေ သည်'' ဟုဆိုကြလိမ့်မည်။
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
တပည့်တော်တို့သည်ကိုယ်တော်အားရှိခိုးပြီး လျှင်အလွန်ဝမ်းမြောက်ရွှင်လန်းစွာယေရုရှလင် မြို့သို့ပြန်သွား၍။-
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
သခင်ယေရှုက ``မာရိ'' ဟုခေါ်တော်မူ၏။ ထိုအခါမာရိသည်လှည့်၍ ဟေဗြဲဘာသာ ဖြင့် ``ရဗ္ဗုနိ'' ဟုထူး၏။ (ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။)
ထိုနောက်သောမအား ``သင်၏လက်ညှိုးဖြင့်ဤ နေရာကိုတို့ကြည့်လော့။ ငါ၏လက်များကို ကြည့်လော့။ သင့်လက်ကိုဆန့်၍ငါ၏နံဘေး ကိုစမ်းသပ်လော့။ ယုံမှားသံသယမဖြစ်နှင့်။ ယုံလော့'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``သင်သည်ငါ့ကိုမြင်ရ၍ ယုံကြည်သလော။ ငါ့ကိုမမြင်ရဘဲယုံကြည် သူတို့သည်မင်္ဂလာရှိကြ၏'' ဟုမိန့်တော်မူ၏။
သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။