ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
ရှင်ယောဟန် 20:18 - Common Language Bible သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။ Garrad Bible မာဂဒလမာရိသည် တပည့်တော်တို့ထံသွား၍ အရှင်ဘုရားအားဖူးမြင်ရကြောင်းကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူကြောင်းကိုလည်းကောင်း ကြားပြောလေ၏။ Judson Bible မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူသည်ကိုလည်းကောင်း၊ တပည့်တော်တို့အား ကြားပြောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မာဂဒလမြို့သူမာရိသည် သွား၍ “သခင်ဘုရားကို ကျွန်မတွေ့မြင်ခဲ့ပြီ”ဟု တပည့်တော်တို့အားဆိုပြီးလျှင် မိမိအားမိန့်မှာတော်မူသောအရာများကိုပြောကြားလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မာဂဒလမာရိသည် သွား၍ “သခင့်ကို ငါမြင်ခဲ့ရပြီ” ဟု တပည့်တော်တို့ကို ဆိုပြီးလျှင် ယေရှုမှာကြားတော်မူသောအရာများကို ပြောပြလေ၏။ မြန်မာ မာဂဒလမာရိသည် သွား၍မိမိသည် သခင်ကိုတွေ့မြင်သည်ကိုလည်းကောင်း၊ ထိုသို့မိန့်တော်မူသည်ကိုလည်းကောင်း၊ တပည့်တော်တို့အား ကြားပြောလေ၏။ |
ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
ထိုအခါသခင်ယေရှုက ``မကြောက်ကြနှင့်။ သွား၍ငါ၏ညီအစ်ကိုများအားဂါလိလဲ ပြည်သို့သွားရန်ပြောကြားကြလော့။ သူတို့ သည်ထိုပြည်တွင်ငါ့ကိုမြင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
တမန်တော်တို့အားဤသို့ပြောကြားသူများ ကားမာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် ဖြစ်သူမာရိမှစ၍အခြားသောအမျိုးသမီး များဖြစ်သတည်း။-
ထိုအခါကိုယ်တော်၏မယ်တော်နှင့်မယ်တော် ၏ညီမသည်လည်းကောင်း၊ ကလောဖ၏ဇနီး ဖြစ်သူမာရိနှင့်မာဂဒလမြို့သူမာရိ သည်လည်းကောင်း သခင်ယေရှု၏လက်ဝါး ကပ်တိုင်အနီးတွင်ရပ်လျက်နေကြ၏။-
တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။-