ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
ရှင်ယောဟန် 17:26 - Common Language Bible အကျွန်ုပ်အပေါ်၌ကိုယ်တော်ရှင်ထားတော်မူ သောမေတ္တာတော်သည်သူတို့၌ကိန်းအောင်း၍ အကျွန်ုပ်သည်လည်းသူတို့၏စိတ်နှလုံးတွင် ကိန်းအောင်းနိုင်စေရန်ကိုယ်တော်အကြောင်း ကိုသူတို့အားအကျွန်ုပ်ကြားသိစေခဲ့ပါ ပြီ။ ဆက်လက်၍လည်းကြားသိစေပါဦးမည်'' ဟုမြွက်ဆိုတော်မူ၏။ Garrad Bible အကျွန်ုပ်အပေါ်သို့သက်သောမေတ္တာတော်သည် သူတို့၌တည်၍ အကျွန်ုပ်လည်းသူတို့၌တည်စေရန် နာမတော်ကိုကြားသိစေပါပြီ။ ထပ်၍ကြားသိစေပါမည်ဟု လျှောက်ဆိုတော်မူ၏။ Judson Bible ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။ မြန်မာ ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူသောမေတ္တာသည် သူတို့၌ရှိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်ဟု မိန့်မြွက်တော်မူ၏။ |
ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
ငါနှင့်တစ်လုံးတစ်ဝတည်းတည်နေကြလော့။ ငါသည်လည်းသင်တို့နှင့်တစ်လုံးတစ်ဝတည်း တည်နေမည်။ စပျစ်ကိုင်းသည်အပင်၌တည် မနေလျှင်အသီးမသီးနိုင်သကဲ့သို့ သင် တို့သည်ငါ၌တည်မနေလျှင်အသီး မသီးနိုင်ကြ။''
ခမည်းတော်သည်ငါ့ကိုချစ်သကဲ့သို့ငါ သည်သင်တို့ကိုချစ်၏။ ငါ၏မေတ္တာ၌တည် နေကြလော့။-
အကျွန်ုပ်သည်သူတို့၌လည်းကောင်း၊ ကိုယ်တော် သည်အကျွန်ုပ်၌လည်းကောင်းတည်ရှိသဖြင့် သူ တို့သည်လုံးဝတစ်လုံးတစ်ဝတည်းဖြစ်သော အားဖြင့် ကိုယ်တော်သည်အကျွန်ုပ်အားစေလွှတ် တော်မူကြောင်းနှင့် အကျွန်ုပ်အားချစ်တော်မူ သကဲ့သို့ သူတို့အားလည်းချစ်တော်မူကြောင်း ကိုကမ္ဘာသူကမ္ဘာသားတို့သိရှိကြမည်ဖြစ် ပါ၏။''
``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည်ငါ၌ကျိန်းဝပ်၏။ ငါသည်လည်းထိုသူ ၌ကျိန်းဝပ်၏။-
ငါသည်မိမိဘုန်းအသရေကိုမရှာ။ ငါ့ ဘုန်းအသရေကိုရှာ၍ငါ့ဘက်မှစစ်ကြော စီရင်တော်မူသောအရှင်တစ်ပါးရှိ၏။-
သို့သော်သင်တို့တွင်ခရစ်တော်ကျိန်းဝပ်တော် မူလျှင်အပြစ်တရားကြောင့် သင်တို့၏ကိုယ်ခန္ဓာ သေရမည်ဖြစ်သော်လည်းသင်တို့၏ဝိညာဉ်မူ ကားရှင်လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိပြီးသောကြောင့်တည်း။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။-
သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။
သင်တို့ယုံကြည်ခြင်းအားဖြင့်ခရစ်တော်သည် သင်တို့စိတ်နှလုံးတွင်ကျိန်းဝပ်တော်မူရန်ငါ ဆုတောင်း၏။ သင်တို့သည်ခရစ်တော်၏မေတ္တာ တော်အလျား၊ အနံ၊ အမြင့်၊ အနက်တို့ကို ဘုရားသခင်၏လူစုတော်ဝင်အပေါင်းတို့ နှင့်အတူသိရှိနားလည်နိုင်ကြမည့်အကြောင်း မေတ္တာတော်တွင်အခြေခံအမြစ်စွဲလျက်ရှိ ကြစေရန်ကိုလည်းငါသည်ဆုတောင်းပတ္ထ နာပြု၏။-
ဤကားအလွန်နက်နဲသောသစ္စာစကားဖြစ် ၍ ခရစ်တော်နှင့်အသင်းတော်ကိုရည်စူး၍ ဆိုသောစကားဖြစ်သည်ဟုငါဆို၏။-
ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။-
သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
သို့ဖြစ်၍ယုဒအမျိုးသား၊ လူမျိုးခြားဟူ၍ လည်းကောင်း၊ အရေဖျားလှီးခံသူမခံသူဟူ ၍လည်းကောင်း၊ မယဉ်ကျေးသူ၊ လူရိုင်း၊ ကျွန်၊ လွတ်လပ်သူဟူ၍လည်းကောင်းကွဲပြားခြား နားမှုမရှိတော့ချေ။ ခရစ်တော်သည်အလုံး စုံတို့၌ရှိ၍အလုံးစုံဖြစ်တော်မူသတည်း။
ငါတို့အရှင်သခင်ယေရှုခရစ်ကိုယ်တော်တိုင် သည်လည်းကောင်း၊ ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့်ခိုင်မြဲသည့်မျှော်လင့် ခြင်းနှင့်မြဲမြံသောရဲရင့်ခြင်းကိုပေးသနား တော်မူသောငါတို့အဖဘုရားသခင်သည် လည်းကောင်း၊-
သခင်ယေရှုက၊ ``အကျွန်ုပ်သည်ကိုယ်တော်ပြုတော်မူသော အမှုကို အကျွန်ုပ်၏ညီအစ်ကိုတို့အားပြောကြားပါမည်။ သူတို့၏အစည်းအဝေးတွင်ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးမည်'' ဟုဘုရားသခင်အားမိန့်တော်မူ၏။-
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။