တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။-
ရှင်ယောဟန် 17:22 - Common Language Bible ကိုယ်တော်နှင့်အကျွန်ုပ်သည်တစ်လုံးတစ်ဝ တည်းဖြစ်သကဲ့သို့ထိုသူတို့သည်လည်းဖြစ် ကြစေရန် အကျွန်ုပ်သည်ကိုယ်တော်ပေးတော် မူသောဘုန်းအသရေတော်ကိုသူတို့အား ပေးပါပြီ။- Garrad Bible အကျွန်ုပ်တို့သည်တစ်လုံးတစ်ဝတည်းဖြစ်သည့်နည်းတူ သူတို့လည်း တစ်လုံးတစ်ဝတည်းဖြစ်လျက် သူတို့၌ အကျွန်ုပ်တည်ခြင်း၊ အကျွန်ုပ်၌ ကိုယ်တော်တည်ခြင်းဖြင့် တစ်လုံးတစ်ဝတည်းအဖြစ်သို့ စုံလင်စွာရောက်ကြ၍ အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူလိုက်ကြောင်းနှင့် အကျွန်ုပ်အား မေတ္တာသက်သည့်နည်းတူ ထိုသူတို့အားသက်တော်မူကြောင်းများကို လောကသားတို့သိကြစေရန် သနားတော်မူသောဘုန်းကို ထိုသူတို့သို့ပေးပါပြီ။ Judson Bible ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေတော်ကို သူတို့အားအကျွန်ုပ်ပေးပါပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်တို့သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေကို သူတို့အား ပေးပါပြီ။ မြန်မာ ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊- |
တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုအထံတော် သို့ခေါ်တော်မူပြီးနောက် နှစ်ယောက်စီတွဲ၍မြို့ ရွာများသို့စေလွှတ်တော်မူ၏။ သူတို့အားညစ် ညမ်းသောနတ်များကိုနှိမ်နင်းနိုင်သောတန်ခိုး အာဏာကိုအပ်နှင်းတော်မူ၏။-
သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
``အို အဖ၊ ကမ္ဘာမတည်မရှိမီကိုယ်တော်သည် အကျွန်ုပ်ကိုချစ်၍ပေးတော်မူသောဘုန်း အသရေကို အကျွန်ုပ်အားကိုယ်တော်ပေးအပ် တော်မူသောသူတို့သည်မြင်ကြစေရန် အကျွန်ုပ် ရှိရာအရပ်တွင်သူတို့အားရှိစေလိုပါ၏။-
တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။
သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။
သို့ဖြစ်၍ငါတို့သည်ခရစ်တော်၏သံတမန် အဖြစ်နှင့်သင်တို့အားမေတ္တာရပ်ခံ၏။ ဘုရား သခင်ကိုယ်တော်တိုင်ပင်လျှင်ငါတို့မှတစ်ဆင့် သင်တို့ကိုမေတ္တာရပ်သကဲ့သို့သင်တို့အား မေတ္တာရပ်ခံ၏။ သင်တို့သည်ဘုရားသခင်၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ပြောင်းလဲကြပါဟူ၍ခရစ်တော်၏ ကိုယ်စားငါတို့တောင်းပန်၏။-
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-
သင်တို့သည်လည်းတမန်တော်များနှင့်ပရောဖက် များချမှတ်ခဲ့သည့်တိုက်မြစ်အပေါ်တွင်တည် ဆောက်လျက်ရှိသည့်အဆောက်အအုံဖြစ်ကြ၏။ ထိုအဆောက်အအုံ၏အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကားခရစ်တော်ယေရှုပင်ဖြစ် သတည်း။-
သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။-
ငါသည်သင်တို့အတွက်ဆင်းရဲဒုက္ခခံရ၍ဝမ်း မြောက်ပါ၏။ ခရစ်တော်သည်မိမိ၏ကိုယ်ခန္ဓာ တည်းဟူသောအသင်းတော်အတွက်ခံရန်ကျန် ရှိနေသည့်ဆင်းရဲဒုက္ခများကိုငါကူညီ၍ ဖြည့်စွက်ပေး၏။-
ငါတို့သည်ခမည်းတော်နှင့်လည်းကောင်း၊ ကိုယ်တော်၏သားတော်ယေရှုခရစ်နှင့်လည်း ကောင်း၊ မိတ်သဟာယဖွဲ့ရကြသည်ဖြစ်ရာ သင်တို့သည်လည်း ငါတို့နှင့်အတူထိုမိတ် သဟာယတွင်ပါဝင်ခွင့်ကိုရရှိကြစေရန် ငါတို့တွေ့မြင်ကြားသိခဲ့ရသည့်အမှု အရာကိုသင်တို့အားဖော်ပြ၏။-
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း သူသည် ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်၍ ဘုရားသခင်သည်လည်းထိုသူနှင့်တစ်လုံး တစ်ဝတည်းဖြစ်တော်မူ၏။ ယင်းသို့ဖြစ်တော်မူ ကြောင်းကို ကိုယ်တော်ပေးသနားတော်မူသော ဝိညာဉ်တော်အားဖြင့်ငါတို့သိရကြ၏။
ငါတို့၌ကိုယ်တော်၏မေတ္တာတော်ပြည့်ဝစုံ လင်ခြင်းအားဖြင့် တရားစီရင်တော်မူရာနေ့ ၌ငါတို့သည်ရဲရင့်တည်ကြည်မှုကိုရရှိနိုင် ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်လောက ၌ငါတို့သည်ခရစ်တော်နည်းတူအသက် ရှင်ကြသောကြောင့်ဖြစ်၏။-
မြို့ရိုးတွင်အုတ်မြစ်ကျောက်တစ်ဆယ့်နှစ်ခုရှိ၏။ ထိုကျောက်များအပေါ်တွင်သိုးသူငယ်တော်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏နာမည်များ ကိုရေးထားလျက်ရှိ၏။-