သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 17:14 - Common Language Bible ကိုယ်တော်၏နှုတ်ကပတ်တရားတော်ကိုသူ တို့အားအကျွန်ုပ်ပေးပါ၏။ အကျွန်ုပ်သည် လောကနှင့်မသက်ဆိုင်သကဲ့သို့သူတို့သည် လည်းမသက်ဆိုင်ကြပါ။ သို့ဖြစ်၍လောက သားတို့သည်သူတို့ကိုမုန်းကြပါ၏။- Garrad Bible ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်ပေးသည့်အလျောက် ဤလောကနှင့် အကျွန်ုပ်မစပ်ဆိုင်သည့်နည်းတူ သူတို့လည်းမစပ်ဆိုင်ကြသဖြင့် သူတို့ကို ဤလောကသားတို့မုန်းကြပါ၏။ Judson Bible ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့အားပေးအပ်ခဲ့ပါပြီ။ သို့ရာတွင် အကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့်မဆိုင်ကြသောကြောင့် လောကီသားတို့သည် သူတို့ကိုမုန်းကြပါ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်သည် အဖ၏နှုတ်ကပတ်တော်ကို သူတို့အား ပေးအပ်ပါပြီ။ အကျွန်ုပ်သည် လောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့သည် သူတို့ကို မုန်းကြ၏။ မြန်မာ ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။- |
သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
တရားသောသူသည် မတရားသောသူကို၎င်း၊ မတရားသော သူသည်တရားသဖြင့် ကျင့်သောသူကို၎င်း၊ စက်ဆုပ်ရွံရှာ တတ်၏။
ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။-
သူတို့က ``အကျွန်ုပ်တို့တတ်စွမ်းနိုင်ပါသည်'' ဟု လျှောက်ထားကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါသောက်ရမည့် ခွက်ကိုသောက်ရကြလိမ့်မည်။ ငါခံရမည့်ဗတ္တိဇံ ကိုလည်းခံရကြလိမ့်မည်။-
အကျွန်ုပ်သည်ဤလောကနှင့်မသက်ဆိုင် သကဲ့သို့ ထိုသူတို့သည်လည်းမသက်ဆိုင် ကြပါ။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-
ကိုယ်တော်က ``သင်တို့သည်အောက်ဘုံသားများ ဖြစ်ကြ၏။ ငါမူကားအထက်ဘုံမှလာ၏။ သင်တို့သည်ဤလောကသားများဖြစ်ကြ၏။ ငါမူကားဤလောကသားမဟုတ်။-
မာရ်နတ်၏ဘက်သားဖြစ်၍မိမိ၏ညီအာဗေလ ကိုသတ်သူကာဣနကဲ့သို့ ငါတို့မဖြစ်စေကြ နှင့်။ ကာဣနသည်မိမိ၏ညီကိုအဘယ်ကြောင့် သတ်သနည်း။ သူ၏အကျင့်သည်ဆိုးယုတ်၍ သူ့ ညီ၏အကျင့်မူကားဖြောင့်မှန်သောကြောင့် ဖြစ်၏။
သို့ဖြစ်၍ညီအစ်ကိုတို့၊ လောကသားတို့သည် သင်တို့ကိုမုန်းကြလျှင်မအံ့သြကြနှင့်။-