ရှင်ယောဟန် 17:10 - Common Language Bible အကျွန်ုပ်တွင်ရှိသမျှသောအရာတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်၌ရှိသမျှ သောအရာတို့ကိုလည်းအကျွန်ုပ်ပိုင်ပါ၏။ ထိုအရာများအားဖြင့်အကျွန်ုပ်၏ဘုန်း အသရေထွန်းတောက်ပါ၏။- Garrad Bible အကျွန်ုပ်ပိုင်သမျှသည် ကိုယ်တော်ပိုင်၊ ကိုယ်တော်ပိုင်လည်းအကျွန်ုပ်ပိုင်ဖြစ်သည်နှင့် ထိုသူတို့အားဖြင့်အကျွန်ုပ်၏ဘုန်းထင်ရှားပါပြီ။ Judson Bible အကျွန်ုပ်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ပိုင်သောအရာအားလုံးတို့ကို ကိုယ်တော်ပိုင်တော်မူပြီး ကိုယ်တော်ပိုင်သောအရာတို့ကိုလည်း အကျွန်ုပ်ပိုင်သည်ဖြစ်၍ အကျွန်ုပ်သည် ထိုအရာများအားဖြင့် ဘုန်းထင်ရှားခြင်းရှိပါပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်ပိုင်သောသူ ရှိသမျှတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်ပိုင်တော်မူသောအရာ မှန်သမျှတို့ကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထို့ကြောင့် ထိုအရာများအားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။ မြန်မာ အကျွန်ုပ်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။- |
ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
ထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။-
ထို့ကြောင့်သူတို့သည်ငါ့ကိုအကြောင်းပြု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြပေ သည်။
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
လူ့ဇာတိအဖြစ်နှင့်လောကတွင်သက်တော် ထင်ရှားရှိတော်မူစဉ်အခါက ခရစ်တော်၌ ဘုရားဇာတိတော်အပြည့်အဝကိန်းအောင်း တော်မူပေသည်။-
ဤနည်းအားဖြင့်ငါတို့အရှင်သခင်ယေရှု ၏နာမတော်သည်သင်တို့ကိုအကြောင်းပြု၍ ဘုန်းအသရေတော်ထွန်းတောက်လိမ့်မည်။ သင် တို့သည်လည်းကိုယ်တော်ကိုအကြောင်းပြု၍ ဘုန်းအသရေထွန်းတောက်ကြလိမ့်မည်။ ငါ တို့၏ဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏ကျေးဇူးတော်အားဖြင့်ဤသို့ ဖြစ်ပါစေသော။
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-