ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။
ရှင်ယောဟန် 16:30 - Common Language Bible ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိ တော်မူကြောင်း ယခုအကျွန်ုပ်တို့သိကြပါပြီ။ ကိုယ်တော်အားအဘယ်သူမျှမေးလျှောက်ရန် မလိုတော့ပါ။ သို့ဖြစ်၍ကိုယ်တော်သည်ဘုရား သခင်ထံတော်မှကြွလာတော်မူသောအရှင် ဖြစ်သည် ကိုအကျွန်ုပ်တို့ယုံကြည်ပါ၏'' ဟု လျှောက်ထားကြ၏။ Garrad Bible အရာခပ်သိမ်းသိကျွမ်းတော်မူသည်ကိုလည်းကောင်း၊ မည်သူမျှမေးလျှောက်ရန်မလိုကြောင်းကိုလည်းကောင်း၊ တပည့်တော်တို့ ယခုသိကြပါသဖြင့် ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ထွက်လာကြွရောက်တော်မူကြောင်းကို ယုံကြပါပြီဟုလျှောက်ကြသော် ယေရှုက ယခုယုံကြပြီလော။ Judson Bible အလုံးစုံတို့ကို သိတော်မူသည်ကိုလည်းကောင်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှာ အလိုတော်မရှိသည်ကိုလည်းကောင်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အလုံးစုံတို့ကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံမှကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူ၍ မည်သူမျှ ကိုယ်တော့်ကို မေးလျှောက်ရန် မလိုကြောင်း ယခု အကျွန်ုပ်တို့သိကြပါ၏။ ထို့ကြောင့် သခင်သည် ဘုရားသခင်ထံမှ ကြွလာကြောင်းကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။ မြန်မာ အလုံးစုံတို့ကို သိတော်မူသည်ကိုလည်းကောင်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှာ အလိုတော်မရှိသည်ကိုလည်းကောင်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏- |
ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။
တပည့်တော်အချို့တို့က ``အချိန်အနည်း ငယ်ကြာလျှင်သင်တို့ငါ့ကိုတွေ့မြင်ကြတော့ မည်မဟုတ်။ ထိုနောက်အချိန်အနည်းငယ်ကြာ ပြန်သော်ငါ့ကိုပြန်၍တွေ့မြင်ကြလိမ့်မည်' ဟု ကိုယ်တော်မိန့်တော်မူသည်။ ထိုမှတစ်ပါးလည်း ကိုယ်တော်က`ငါသည်ခမည်းတော်ထံသို့သွား ရမည်' ဟုလည်းဆိုသည်။-
``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။-
ထိုကာလ၌သင်တို့သည် ငါ၏နာမကိုအမှီ ပြု၍ဆုတောင်းပတ္ထနာပြုကြလိမ့်မည်။ သို့ သော်ငါသည်သင်တို့အတွက် ခမည်းတော်ထံ တွင်တောင်းလျှောက်ပေးမည်ဟုငါမဆို။-
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။