ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
ရှင်ယောဟန် 16:10 - Common Language Bible ငါသည်ခမည်းတော်ထံသို့သွားရမည်ဖြစ် ၍ သင်တို့ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ် သောကြောင့်အမှန်တရားအကြောင်းကို ဖော်ပြမည်။- Garrad Bible ခမည်းတော်ထံငါသွား၍ ငါ့ကိုမြင်ရတော့မည်မဟုတ်သည့်အတွက် ဖြောင့်မတ်ခြင်း၊ Judson Bible ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ့ကိုတွေ့မြင်ရတော့မည်မဟုတ်သောကြောင့် ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်ခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ ငါသည် ခမည်းတော်ထံသို့ သွားရမည်ဖြစ်၍ သင်တို့သည် ငါ့ကို ပြန်လည်မြင်ရမည်မဟုတ်သောကြောင့်ဖြစ်၏။ မြန်မာ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။- |
ထာဝရဘုရားသည်ကယ်တင်ရန်စိတ်စော လျက်နေသည့် ဘုရားသခင်ဖြစ်၍၊ ကိုယ်တော်သည်မိမိ၏တရားတော်ကို ရိုသေလေးစားကြရန်အလိုရှိတော်မူ၏။
``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
ငါသည်ခမည်းတော်ထံမှထွက်ခွာ၍ ဤ လောကသို့ကြွလာခဲ့၏။ ယခုဤလောက မှထွက်ခွာ၍ ခမည်းတော်၏ထံသို့ငါသွား တော့မည်'' ဟုမိန့်တော်မူ၏။
ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင် ထံသို့ငါသွားတော့မည်။ သို့ရာတွင်ငါအဘယ် အရပ်သို့သွားမည်ကိုသင်တို့မည်သူမျှ မမေးကြ။-
မိမိအားယုံကြည်သူအပေါင်းတို့သည် ထာဝရ အသက်ကိုရရှိကြစေရန် လူသားသည်တော ကန္တာရ၌တိုင်ထိပ်တွင်မောရှေမြှောက်တင်ထား သည့်ကြေးမြွေရုပ်ကဲ့သို့မြှောက်တင်ခြင်း ခံရလိမ့်မည်။-
သို့ရာတွင်ငါ့အကြောင်းကိုသက်သေခံသူ တစ်ပါးရှိ၏။ သူ၏သက်သေခံချက်သည်မှန် ကန်ကြောင်းကိုငါသိ၏။-
သခင်ယေရှုကလူတို့အား ``ငါသည်သင်တို့ နှင့်အတူခေတ္တခဏသာနေပြီးလျှင်ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ငါသွား ရမည်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
ထိုသခင်ယေရှုအားဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူကြောင်းကို ငါတို့အား လုံးပင်သက်သေဖြစ်ကြ၏။-
သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။-
ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
ငါတို့မူကားဘုရားသခင်၏ဝိညာဉ်တော် ၏တန်ခိုးကိုအမှီပြုလျက်ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိလိမ့်မည်ဟုစောင့်စားမျှော်လင့် ကြ၏။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-