ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
ရှင်ယောဟန် 15:26 - Common Language Bible ``ခမည်းတော်ထံမှကြွလာ၍ဘုရားသခင် အကြောင်းဆိုင်ရာသမ္မာတရားကို ဖော်ပြသည့် မစတော်မူသောအရှင်တည်းဟူသောဝိညာဉ် တော်သည်ရောက်လာတော်မူသောအခါ ငါ၏ အကြောင်းကိုပြောကြားတော်မူလိမ့်မည်။ ထို အရှင်ကိုခမည်းတော်ထံမှသင်တို့ထံသို့ ငါစေလွှတ်မည်။- Garrad Bible ခမည်းတော့်ထံမှ သင်တို့ထံငါစေလွှတ်သည့်အတိုင်း ခမည်းတော့်ထံမှထွက်လာမည့် သမ္မာတရားဆိုင်ရာဝိညာဉ်တော်တည်းဟူသော အမှုဆောင်ကြွရောက်သော် ငါ့အကြောင်းကိုသက်သေခံတော်မူလိမ့်မည်။ Judson Bible ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ခမည်းတော်ထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသည့် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။ မြန်မာ ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။- |
ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ခမည်းတော်သည်ငါ့နာမကြောင့် စေလွှတ်တော်မူမည့်မစတော်မူသောအရှင် တည်းဟူသောသန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အားခပ်သိမ်းသောအရာတို့ကိုသွန်သင် ပေးတော်မူ၍ ငါပြောခဲ့သမျှသောအရာတို့ ကိုသင်တို့အားပြန်လည်သတိရစေတော် မူလိမ့်မည်။
သို့သော်သင်တို့အားငါအမှန်အကန်ပြော သည်ကား ငါသွားရခြင်းသည်သင်တို့အဖို့ ပို၍ကောင်း၏။ ငါမသွားလျှင်မစတော်မူ သောအရှင်သည်ကြွလာတော်မူမည်မဟုတ်။ ငါသွားလျှင်မူကားထိုအရှင်ကိုသင်တို့ ထံသို့ငါစေလွှတ်မည်။-
သခင်ယေရှုက ``ဘုရားသခင်သည်သင်တို့၏ အဖဖြစ်ပါမူ သင်တို့သည်ငါ့ကိုချစ်ကြလိမ့် မည်။ ငါသည်ဘုရားသခင်ထံတော်မှလာ၍ ယခုဤအရပ်သို့ရောက်ရှိနေ၏။ ကိုယ်ပိုင် အခွင့်အာဏာအရလာသည်မဟုတ်။ ကိုယ် တော်သည်ငါ့ကိုစေလွှတ်တော်မူ၏။-
သူတို့သည်စုရုံးလာကြသောအခါကိုယ်တော် က``ယေရုရှလင်မြို့မှထွက်ခွာ၍မသွားကြ နှင့်။ ခမည်းတော်ကတိထားတော်မူသည့်ဆု ကျေးဇူးကိုစောင့်မျှော်လျက်နေကြလော့။ ထို ဆုကျေးဇူးအကြောင်းကိုယခင်ကသင်တို့ အားငါဖော်ပြခဲ့၏။-
လူတို့၏စိတ်နှလုံးကိုသိတော်မူသောဘုရား သခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့ အားပေးတော်မူသည့်နည်းတူလူမျိုးခြားတို့ အားလည်းပေးတော်မူခြင်းအားဖြင့် သူတို့ အားနှစ်သက်လက်ခံတော်မူကြောင်းကိုပြ တော်မူ၏။-
ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
ငါတို့ဟောပြောကြေညာသည့်ခရစ်တော် အကြောင်းသတင်းကောင်းသည် သင်တို့အထဲ တွင်အမြစ်စွဲလျက်ရှိ၏။-
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-