သူတို့သည်ပုန်ကန်တတ်သူများဖြစ်သဖြင့် သင်၏စကားကိုနားထောင်သည်ဖြစ်စေ၊ နား မထောင်သည်ဖြစ်စေ၊ မိမိတို့ထဲတွင်ပရော ဖက်တစ်ပါးရှိသည်ကိုမူသိကြလိမ့်မည်။
ရှင်ယောဟန် 15:22 - Common Language Bible ငါသည်လာ၍သူတို့အားမဟောမပြောပါက သူတို့အပြစ်ကူးလွန်မိမည်မဟုတ်။ ယခုမှာမူ သူတို့သည်မိမိတို့အပြစ်ကူးလွန်မှုအတွက် အဘယ်သို့မျှအကြောင်းမပြနိုင်တော့ပြီ။- Garrad Bible ငါသည်လာရောက်မဟောခဲ့လျှင် သူတို့၌အပြစ်မရှိလေ။ ယခုမူကား ချေပရန်အလျှင်းမရှိကြ။ Judson Bible ငါသည် လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ငါသည်လာ၍ သူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုအခါ သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် လာ၍ ထိုသူတို့ကို မဟောပြောခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် သူတို့၏အပြစ်များအတွက် ဆင်ခြေမပေးနိုင်တော့ပေ။ မြန်မာ ငါသည် လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။- |
သူတို့သည်ပုန်ကန်တတ်သူများဖြစ်သဖြင့် သင်၏စကားကိုနားထောင်သည်ဖြစ်စေ၊ နား မထောင်သည်ဖြစ်စေ၊ မိမိတို့ထဲတွင်ပရော ဖက်တစ်ပါးရှိသည်ကိုမူသိကြလိမ့်မည်။
ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။
ငါ့ကိုပစ်ပယ်၍ငါဟောပြောသောစကားကို မခံမယူသောသူကိုတရားစီရင်မည့်သူ ရှိ၏။ ငါဟောပြောသောစကားသည်ပင်လျှင် ထိုသူကိုနောက်ဆုံးသောနေ့၌ တရားသူ ကြီးအဖြစ်ဖြင့်တရားစီရင်လိမ့်မည်။-
အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
ထိုသူတို့သည်ငါ့ကိုမယုံကြည်ကြသော ကြောင့်အပြစ်အကြောင်းကိုဖော်ပြမည်။-
သခင်ယေရှုက ``မင်းကြီးအားဘုရားသခင် အပ်နှင်း၍သာဤသို့သောအခွင့်အာဏာကို ခံယူရရှိသည်။ ထို့ကြောင့်အကျွန်ုပ်အားမင်း ကြီး၏လက်သို့အပ်နှံသူသည်ပို၍အပြစ် ကြီး၏'' ဟုမိန့်တော်မူ၏။-
သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။-
သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။
သင်တို့သည်လွတ်လပ်သူများအနေဖြင့်ပြုမူ နေထိုင်ကြလော့။ သို့ရာတွင်ဆိုးညစ်မှု၊ တစ်စုံ တစ်ရာကိုဖုံးကွယ်ရန်အတွက်မိမိတို့၏ လွတ်လပ်မှုကိုအသုံးမပြုကြနှင့်။ သို့ရာ တွင်သင်တို့သည်ဘုရားသခင်၏ကျွန်များ အဖြစ်ဖြင့်ပြုမူနေထိုင်ကြလော့။-