ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ရှင်ယောဟန် 15:2 - Common Language Bible ကိုယ်တော်ရှင်သည်ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကိုခုတ်ပစ်တော်မူ ၏။ အသီးသီးသည့်အကိုင်းအခက်ရှိသမျှ ကိုလည်းပို၍သီးစေရန်သုတ်သင်ရှင်းလင်း တော်မူ၏။- Garrad Bible ငါ၌အသီးမသီးသောအခက်တိုင်းကို ခုတ်ပစ်တော်မူလျက် သီးသောအခက်တိုင်းကိုကား တိုး၍သီးစေရန်သုတ်သင်တော်မူ၏။ Judson Bible ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၌အသီးမသီးသောအကိုင်းအခက်ရှိသမျှကို ခမည်းတော်သည် ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍အသီးသီးစေရန် ကိုင်းဖြတ်ပြုပြင်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။ မြန်မာ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။- |
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သော အာရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွါး ထွန်းလင်းတတ်၏။
ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။
ဆင်းရဲသူများနှင့်နှိမ့်ချသောသူတို့သည် ဣသရေလအမျိုးသားတို့၏မြင့်မြတ် သောဘုရားသခင်ထာဝရဘုရားပေး တော်မူသော ရွှင်လန်းဝမ်းမြောက်မှုကိုတစ် ဖန်ပြန်၍ရရှိကြလိမ့်မည်။-
ခေါင်းဆောင်ပညာရှိများအနက်အချို့သူ တို့သည်အသတ်ခံရကြလိမ့်မည်။ သို့ရာတွင် ယင်းသို့အသတ်ခံရကြမှုကြောင့် လူတို့၏ စိတ်နှလုံးသည်ဖြူစင်သန့်ရှင်း၍လာလိမ့်မည်။ ဤအမှုအရာများသည်ဘုရားသခင်ချိန်း ချက်သတ်မှတ်တော်မူသည့်ကာလတိုင် အောင်ဆက်လက်၍ဖြစ်လိမ့်မည်။
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
ကိုယ်တော်သည်ချေးညှော်ကင်းစင်စေရန်ငွေ ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ် သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ် ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။ ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့ လျောက်ပတ်သည့်ပူဇော်သကာများကို ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။-
ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။-
ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။
ကိုယ်တော်က ``ကောင်းကင်ဘုံရှင်၊ ငါ၏အဖစိုက်ပျိုး တော်မမူသည့်အပင်ရှိသမျှသည်နုတ်ပစ်ခြင်း ကိုခံရလိမ့်မည်။-
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-
သစ်ပင်များအားအမြစ်ရင်းမှခုတ်လှဲပစ်ရန် ပုဆိန်ကိုအသင့်ထားရှိပြီဖြစ်၍ အသီးကောင်း ကိုမသီးသည့်အပင်ဟူသမျှသည်ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။-
လက်တော်တွင်စပါးလှေ့ရန်ဆန်ကောကိုကိုင်၍ ထားတော်မူ၏။ မိမိ၏ကောက်နယ်တလင်းကို ရှင်းလင်းပြီးနောက် ဂျုံစပါးကိုကျီတွင်စုသိမ်း ထားတော်မူလိမ့်မည်။ အဖျင်းများကိုမူငြိမ်း သတ်၍မရနိုင်သောမီးနှင့်ရှို့တော်မူလိမ့်မည်'' ဟုဟောပြော၏။
လူတို့သည်အသီးကောင်းကိုမသီးသည့်အပင် ရှိသမျှကိုခုတ်လှဲ၍ မီးထဲသို့ပစ်ချတတ်ကြ၏။-
အချို့သောသူများမူကားမြေကောင်းမြေသန့် တွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရား တော်ကိုကြား၍ခံယူကြသည်ဖြစ်ရာအဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာသီး နှံများကိုဆောင်ကုန်၏'' ဟုမိန့်တော်မူ၏။
ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
သခင်ယေရှုက ``ငါသည်စပျစ်ပင်အစစ် ဖြစ်၍ငါ့အဖသည်ဥယျာဉ်မှူးဖြစ်တော် မူ၏။-
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
ထိုနည်းတူစွာငါဟောပြောသောတရား အားဖြင့် ယခုသင်တို့ရှင်းလင်းလျက်ရှိကြ၏။-
ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-
သင်တို့သည်များစွာသောအသီးသီးခြင်း အားဖြင့် ငါ့ခမည်းတော်၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေ၏။ ဤနည်းအားဖြင့် သင်တို့သည်ငါ၏တပည့်များဖြစ်လာကြ ၏။-
အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ်သူတို့ ကိုကာကွယ်စောင့်ရှောက်ခဲ့ပါ၏။ ကျမ်းစာတော် လာသည့်အတိုင်းဖြစ်ပျက်စေရန်ပျက်စီးရ မည့်သူတစ်ဦးမှလွဲ၍ အခြားမည်သူတစ်စုံ တစ်ယောက်မျှပျက်စီးမှုမရှိခဲ့ပါ။-
လူတို့သည်သံလွင်ပင်၏အကိုင်းအချို့ကို ခုတ်ဖြတ်လိုက်ပြီးနောက်ကျန်ရှိသည့်အငုတ် တွင် ရိုင်းသောသံလွင်ကိုင်းကိုဆက်၍စိုက် တတ်ကြ၏။ ထိုရိုင်းသောသံလွင်အကိုင်းသည် သံလွင်ပင်၏အမြစ်နှင့်ပင်စည်မှပင်ရည် သြဇာကိုမှီဝဲရသကဲ့သို့ လူမျိုးခြား ဖြစ်သူသင်တို့သည်ယုဒအမျိုးသားတို့ ထံမှအကျိုးကျေးဇူးများစွာခံယူရ ရှိကြ၏။-
ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
ငါသည်လူဘာသာစကားများနှင့်ကောင်းကင် တမန်ဘာသာစကားများကိုပြောနိုင်သော် လည်း မေတ္တာမရှိလျှင်ပဲ့တင်ခတ်သည့်မောင်း ကဲ့သို့လည်းကောင်း၊ အသံမြည်သည့်လင်း ကွင်းကဲ့သို့လည်းကောင်းဖြစ်၏။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
ငါသည်မိမိချစ်သောသူအပေါင်းတို့အား ဆုံးမ၍အပြစ်ဒဏ်ပေးတတ်၏။ ထိုကြောင့် သင်သည်စိတ်အားထက်သန်လော့။ နောင်တ ရလော့။-