သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
ရှင်ယောဟန် 14:14 - Common Language Bible ငါ့နာမကိုအမှီပြု၍သင်တို့မည်သည့် ဆုကိုမဆိုငါ့ကိုတောင်းလျှင် တောင်းသည့် အတိုင်းငါပြုမည်။ Garrad Bible ငါ့နာမ၌ မည်သည့်အရာကိုမဆိုငါ့ထံသင်တို့တောင်းလျှောက်လျှင် ငါပြုမည်။ Judson Bible သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ၏နာမ၌ တစ်စုံတစ်ခုကိုတောင်းလျှောက်လျှင် ငါသည် ထိုအရာကိုပြုမည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ငါ့အမည်နာမကို အမှီပြု၍ မည်သည့်အရာကိုမဆို တောင်းလျှင် တောင်းသည့်အတိုင်း ငါပေးမည်။ မြန်မာ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။ |
သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-
ငါသည်ခမည်းတော်အားတောင်းလျှောက် သဖြင့်သင်တို့နှင့်အတူအစဉ်အမြဲရှိ၍ သင်တို့အားမစတော်မူသောအခြား အရှင်တစ်ပါးကိုပေးတော်မူလိမ့်မည်။-
သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။-
``ထိုနေ့၌သင်တို့သည်ငါ့အားအဘယ်အရာ ကိုမျှတောင်းလျှောက်ကြလိမ့်မည်မဟုတ်။ အမှန် အကန်သင်တို့အားငါဆိုသည်ကားသင်တို့ သည် ငါ၏နာမကိုအမှီပြု၍တောင်းလျှောက် သမျှသောအရာတို့ကိုခမည်းတော်သည်သင် တို့အားချပေးတော်မူလိမ့်မည်။-
ယခုအချိန်တိုင်အောင်သင်တို့သည်ငါ၏ နာမကိုအမှီပြု၍အဘယ်အရာကိုမျှ မတောင်းမလျှောက်ကြရသေး။ ဝမ်းမြောက်ခြင်း အပြည့်အဝရရှိနိုင်ရန်တောင်းလျှောက်ကြ လော့။ သင်တို့တောင်းလျှောက်သည့်အတိုင်းရရှိ ကြလိမ့်မည်။''
ငါသည်သင်တို့အားခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော် ကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၏။-