လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
ရှင်ယောဟန် 12:19 - Common Language Bible ဖာရိရှဲတို့က ``ငါတို့မှာလုံးဝအောင်မြင်မှု မရှိ။ လောကတစ်ခုလုံးပင်ထိုသူ့နောက်သို့ လိုက်ပါသွားပါပြီတကား'' ဟုအချင်း ချင်းပြောဆိုကြ၏။ Garrad Bible သို့ဖြစ်၍ဖာရိရှဲတို့က မည်သို့မျှမတတ်နိုင်ကြောင်းကြည့်ကြလော့။ သူ့နောက်တစ်လောကလုံးလိုက်သွားပြီတကားဟု အချင်းချင်းပြောဆိုကြ၏။ Judson Bible ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဖာရိရှဲတို့က “တွေ့သလော။ သင်တို့လုပ်ရပ်တစ်ခုမျှအကျိုးမရှိ။ ကြည့်ပါ။ တစ်ကမ္ဘာလုံး သူ့နောက်သို့လိုက်သွားကြပြီ”ဟု အချင်းချင်းပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့က “ငါတို့ မည်သို့မျှမတတ်နိုင်တော့ပါ။ တစ်လောကလုံးသည် သူ့နောက်သို့ လိုက်သွားကြပြီ” ဟု အချင်းချင်းပြောဆိုကြ၏။ မြန်မာ ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။ |
လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။ အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊ အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုမြင်၍ ``ဒါဝိဒ်၏သားတော် အားချီးမွမ်းထောမနာပြုကြလော့'' ဟုဗိမာန် တော်ထဲတွင်ကလေးသူငယ်တို့ဟစ်အော်နေ သည်ကိုကြားကြသောအခါအမျက်ထွက် လျက်၊-
ပွဲတော်အတွင်းကိုးကွယ်ဝတ်ပြုရန်ယေရု ရှလင်မြို့သို့သွားကြသောလူတို့အထဲတွင် ဂရိအမျိုးသားအချို့ပါ၏။-
ထိုသူအပေါင်းတို့သည်တစ်လုံးတစ်ဝတည်း ဖြစ်ကြစေရန်ဆုတောင်းပါ၏။ အို အဖ၊ ကိုယ်တော် သည်အကျွန်ုပ်၌တည်ရှိတော်မူ၍အကျွန်ုပ်သည် လည်းကိုယ်တော်၌တည်ရှိသကဲ့သို့ ထိုသူတို့သည် အကျွန်ုပ်တို့၌တည်ရှိစေတော်မူပါ။ အကျွန်ုပ် ကိုကိုယ်တော်စေလွှတ်တော်မူကြောင်းကိုလောက သားတို့ယုံကြည်ကြစေရန် ထိုသူတို့ကိုတစ် လုံးတစ်ဝတည်းဖြစ်စေတော်မူပါ။-
သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။
ရှာ၍မတွေ့ကြသောအခါသူတို့သည် ယာသုန် နှင့်တပည့်တော်အချို့တို့ကိုမြို့အာဏာပိုင် များ၏ရှေ့သို့ခေါ်ဆောင်ခဲ့ပြီးလျှင် ``ဤလူစု သည်အရပ်တကာတွင်ဒုက္ခပေးခဲ့ကြပါ၏။ သူတို့သည်ယခုကျွန်ုပ်တို့မြို့သို့လည်းရောက် ရှိလာကြပါပြီ။ ယာသုန်သည်ထိုသူတို့ကို မိမိ၏အိမ်တွင်လက်ခံထားပါ၏။-
ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။