ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။-
ရှင်ယောဟန် 11:44 - Common Language Bible ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible သေလွန်သူသည် လက်ခြေများအဝတ်ပတ်စည်းလျက် မျက်နှာလည်းပဝါပတ်ရစ်လျက် ထွက်လာ၏။ ယေရှုကလည်း ဖြည်၍လွှတ်လိုက်ကြဟု မိန့်တော်မူ၏။ Judson Bible ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက“သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လာဇရုသည်လည်း ခြေလက်တို့၌ ပိတ်စဖြင့် ရစ်ပတ်လျက် မျက်နှာကိုလည်း ပဝါနှင့် စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ပတ်ထားသောအဝတ်များကို ဖြေပေး၍ လွှတ်ကြလော့” ဟု မိန့်တော်မူ၏။ မြန်မာ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။ |
ဘုရားသခင်က``အလင်းရောင်ပေါ်စေ'' ဟု အမိန့်တော်ချမှတ်သောအခါ အလင်းရောင် ထွက်ပေါ်လာ၏။-
ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ကမ္ဘာလောကသည်ဖြစ်ပေါ်လာ၏။ ကိုယ်တော်မိန့်တော်မူသောအခါခပ်သိမ်းသော အရာတို့သည်ပေါ်ပေါက်လာကြ၏။
ငါသည်ဤသူတို့ကိုမရဏာနိုင်ငံမှလည်း ကောင်း၊ သေမင်း၏အာဏာအတွင်းမှသော် လည်းကောင်းကယ်တင်မည်မဟုတ်။ အို သေမင်း သင်၏ကပ်ရောဂါဘေးကျရောက်စေလော့။ အို မရဏာနိုင်ငံသင်၏ပျက်စီးခြင်းဘေး ကျရောက်စေလော့။ ငါသည်ဤသူတို့ကို မသနားမကြင်နာတော့ပြီ။-
ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။
အခြားသောအစေခံသည်လာ၍ `အရှင်၊ အရှင် ပေးခဲ့သည့်ရွှေဒင်္ဂါးဤမှာရှိပါ၏။ ထိုငွေကို အကျွန်ုပ်သည်အဝတ်ဖြင့်ထုပ်၍သိမ်းဆည်း ထားပါ၏။-
သူသေသည်ထိုင်ပြီးလျှင်စကားပြောလေ၏။ ထိုနောက်ကိုယ်တော်သည်သူ့ကိုမိခင်အားအပ် ပေးတော်မူ၏။
သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။
သူတို့သည်သခင်ယေရှု၏အလောင်းတော်ကို ယူ၍ယုဒအမျိုးသားတို့၏သင်္ဂြိုဟ်ခြင်းဆိုင် ရာဋ္ဌလေ့ထုံးစံအတိုင်း နံ့သာပေါင်းနှင့်အတူ ပိတ်ဖြင့်ရစ်ပတ်ကြ၏။-
သူသည်ငုံ့၍ကြည့်လိုက်ရာဂူထဲတွင်ပိတ် များကျန်ရစ်သည်ကိုမြင်ရ၏။ သို့သော်သူ သည်ဂူထဲသို့မဝင်ဘဲနေ၏။-
ကိုယ်တော်၏ဦးခေါင်းတော်မှပဝါသည်ထိုပိတ် များနှင့်အတူမရှိဘဲတစ်နေရာတွင်သီးသန့် လိပ်လျက်ရှိသည်ကိုလည်းကောင်းမြင်လေ၏။-
ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-
ကိုယ်တော်သည်အရာခပ်သိမ်းကိုမိမိ၏အာဏာ စက်အောက်တွင်ရောက်စေတော်မူသောတန်ခိုးတော် အားဖြင့် ငါတို့၏သေကြေပျက်စီးတတ်သောကိုယ် ခန္ဓာကိုဘုန်းအသရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာ တော်နှင့်တူအောင် ပြောင်းလဲစေတော်မူလိမ့်မည်။
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
ထာဝရဘုရားသည်သေစေခြင်း၊ရှင်စေခြင်း ကိုလည်းကောင်း၊ မရဏာနိုင်ငံသို့ပို့ဆောင်ခြင်း၊ပြန်လည် ခေါ်ဆောင်ခြင်းကိုလည်းကောင်းပြုတော်မူ၏။