ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။
ရှင်ယောဟန် 11:36 - Common Language Bible ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။- Garrad Bible ယုဒလူမျိုးတို့က မည်မျှချစ်သည်ကိုကြည့်ကြပါဟုဆိုကြ၏။ Judson Bible ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အနီးတွင်ရပ်နေသောဂျူးလူမျိုးတို့က “ကြည့်ပါ။ သူသည် လာဇရုကို အလွန်ချစ်၏” ဟု ပြောဆိုကြ၏။ မြန်မာ ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။- |
ယုဒအမျိုးသားအမြောက်အမြားပင် မာရိနှင့်မာသတို့၏မောင်သေဆုံးသော ကြောင့်သူတို့ကိုနှစ်သိမ့်ရန်လာရောက်ကြ ၏။
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
သစ္စာရှိစွာသက်သေခံတော်မူထသော၊ သေ ခြင်းမှဦးစွာပထမရှင်ပြန်ထမြောက်တော် မူထသော၊ လောကီဘုရင်တို့ကိုအစိုးရ တော်မူထသောယေရှုခရစ်ထံတော်မှလည်း ကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ခံစားရကြပါစေသတည်း။ ငါတို့ကိုချစ်တော်မူ၍အသက်တော်ကိုစွန့် တော်မူခြင်းအားဖြင့် ငါတို့အားအပြစ်၏ အနှောင်အဖွဲ့မှလွတ်မြောက်စေတော်မူပြီး လျှင်၊-