ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။-
ရှင်ယောဟန် 11:34 - Common Language Bible ကိုယ်တော်က ``သူ့အလောင်းကိုအဘယ်မှာ သင်္ဂြိုဟ်ကြသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သခင်ကြွ၍ကြည့်တော်မူ ပါ'' ဟုလျှောက်ထားကြ၏။- Garrad Bible အလောင်းကို အဘယ်မှာသွင်းထားကြသနည်းဟုမေးတော်မူရာ အရှင်ဘုရား၊ ကြွ၍ရှုတော်မူပါဟုလျှောက်ကြ၏။ Judson Bible အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “လာဇရုအလောင်းကို အဘယ်မှာ သင်္ဂြိုဟ်ကြသနည်း” ဟု မေးတော်မူ၏။ သူတို့က “သခင် ကြွလာ၍ ကြည့်တော်မူပါ” ဟု လျှောက်ကြ၏။ မြန်မာ အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။- |
ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။-
အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။
ထိုသူက``မထိတ်လန့်ကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်တွင်တင်၍ အသတ်ခံရသူ နာဇရက်မြို့သားယေရှုကိုရှာလျက်နေကြ သည်မဟုတ်လော။ ထိုအရှင်သည်ဤအရပ်တွင် မရှိ။ သြေခင်းမှထမြောက်တော်မူပြီ။ ဤနေရာ သည်ထိုအရှင်၏အလောင်းတော်ကိုထားသော နေရာဖြစ်၏။ ကြည့်ကြလော့။-
ကိုယ်တော်က ``လာ၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ ထိုအချိန်သည်ညနေလေးနာရီအချိန် ဖြစ်သည်။ သူတို့သည်လိုက်၍ကိုယ်တော်နေတော် မူရာအရပ်ကိုမြင်ပြီးလျှင် ကိုယ်တော်နှင့်အတူ မိုးချုပ်သည်တိုင်အောင်နေကြ၏။
သခင်ယေရှုသည်မာရိငိုယိုနေသည်ကို လည်းကောင်း၊ သူနှင့်အတူပါလာကြသော လူတို့သည်လည်းငိုယိုနေကြသည်ကိုလည်း ကောင်းမြင်တော်မူသဖြင့် စိတ်တော်အလွန် လှုပ်ရှားလျက်စိတ်မချမ်းမသာဖြစ်တော်မူ၏။-
သူသည်ရှိမုန်ပေတရုနှင့်သခင်ယေရှုချစ် တော်မူသောတပည့်တော်ထံသို့ပြေးသွားပြီး လျှင် ``သခင်ဘုရားကိုသင်္ချိုင်းတော်မှယူဆောင် သွားကြလေပြီ။ အဘယ်မှာထားကြသည်ကို မသိပါ'' ဟုပြော၏။