ထိုအခါကိုယ်တော်က ``ဖယ်ကြ။ သူငယ်မသေ သည်မဟုတ်။ အိပ်လျက်သာနေ၏'' ဟုမိန့်တော်မူ လျှင်သူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ၏။-
ရှင်ယောဟန် 11:12 - Common Language Bible တပည့်တော်တို့က ``အရှင်၊ သူသည်အိပ်ပျော် လျက်နေပါမူကျန်းမာလာပါလိမ့်မည်'' ဟု လျှောက်ကြ၏။ Garrad Bible တပည့်တော်တို့က အရှင်ဘုရား၊ အိပ်ပျော်လျှင် သက်သာပါလိမ့်မည်ဟုလျှောက်ဆိုကြ၏။ Judson Bible တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့က “သခင်ဘုရား၊ သူအိပ်ပျော်ပြီဆိုလျှင် သက်သာပါလိမ့်မည်”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့က “သခင်… သူသည် အိပ်ပျော်နေပါက သက်သာပါလိမ့်မည်” ဟု လျှောက်ကြ၏။ မြန်မာ တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။- |
ထိုအခါကိုယ်တော်က ``ဖယ်ကြ။ သူငယ်မသေ သည်မဟုတ်။ အိပ်လျက်သာနေ၏'' ဟုမိန့်တော်မူ လျှင်သူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ၏။-
ကိုယ်တော်သည်ဤသို့မိန့်တော်မူပြီးနောက် ``ငါ တို့၏အဆွေလာဇရုသည်အိပ်ပျော်လျက်နေ ၏။ သူ့ကိုနှိုးရန်ငါသွားမည်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုကလာဇရုသေကြောင်းကို ရည်မှတ်၍ထိုသို့မိန့်တော်မူသော်လည်း သာ မန်အိပ်ပျော်ကြောင်းကိုဆိုလိုတော်မူသည် ဟုတပည့်တော်တို့ထင်မှတ်ကြ၏။-