ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
ရှင်ယောဟန် 10:40 - Common Language Bible ကိုယ်တော်သည်ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်ယောဟန်ဗတ္တိဇံင်္မဂလာပေးရာအရပ် သို့ပြန်လည်ကြွသွားတော်မူ၍ထိုအရပ် တွင်နေတော်မူ၏။- Garrad Bible ထိုနောက်ကိုယ်တော်သည် ယော်ဒန်မြစ်တစ်ဖက်ရှိ ယောဟန်ဦးစွာဗတ္တိဇံမင်္ဂလာပေးရာအရပ်သို့ တစ်ဖန်ကြွ၍နေထိုင်တော်မူစဉ်၊ Judson Bible ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ယခင်က ယောဟန်ဗတ္တိဇံပေးခဲ့ရာ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ တစ်ဖန်ကြွ၍ ထိုအရပ်၌နေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်က ယောဟန်နှစ်ခြင်းမင်္ဂလာပေးခဲ့သောအရပ်သို့ ကြွ၍ ထိုအရပ်တွင် နေတော်မူ၏။ မြန်မာ ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။- |
ယောဟန်ဗတ္တိဇံမင်္ဂလာပေးရာယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိဗေသနိရွာတွင်ဤအမှု အရာဖြစ်ပျက်သတည်း။
သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
သို့ဖြစ်၍သူတို့သည်ယောဟန်ထံသို့လာပြီး လျှင် ``ဆရာတော်၊ ယော်ဒန်မြစ်တစ်ဖက်ကမ်း တွင်ဆရာတော်၏ထံသို့ လာရောက်ခဲ့ဖူးသူ လူတစ်ယောက်ကိုသတိရပါသလော။ သူ၏ အကြောင်းကိုဆရာတော်သက်သေခံခဲ့ဖူး ပါ၏။ ယခုသူသည်ဗတ္တိဇံမင်္ဂလာကိုပေး လျက်နေပါသည်။ လူအပေါင်းတို့သည်လည်း သူ့ထံသို့လာလျက်နေကြပါ၏'' ဟုလျှောက် ၏။
ထိုနောက်သခင်ယေရှုသည်ဂါလိလဲပြည်တွင် ဒေသစာရီလှည့်လည်တော်မူ၏။ ယုဒအာဏာ ပိုင်တို့သည်ကိုယ်တော်ကိုသတ်ရန်ကြံစည်နေ ကြသဖြင့် ကိုယ်တော်သည်ယုဒပြည်တွင်ဒေသ စာရီလှည့်လည်တော်မမူလို။-